ကော်သူးလေ အထက်တန်းလွန်ကျောင်းသားများ စုံညီပွဲတော် ကျင်းပပြီးစီး

ကော်သူးလေ အထက်တန်းလွန်ကျောင်းသားများ စုံညီပွဲတော် ကျင်းပပြီးစီး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတရော်(ဖာပွန်)ခရိုင်ရှိ အထက်တန်းလွန်ကျောင်း (Post Ten) ကျောင်းသားများ စုံညီပွဲတော် အစီအစဉ်တစ်ရပ်ကို ဖေဖော်ဝါရီ ၁၆ရက် မှ ၁ရရက်နေ့အထိ ဘူးသိုမြို့နယ်၊ ပါဟယ်အုပ်စုရှိ ခိုကေ သံလွင်မြစ်ကမ်းနံဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ဒေသတွင်း အထက်တန်းလွန်ကျောင်းသူကျောင်းသားများ ချစ်ကြည်ရင်းနှီးမှုရရှိမှုမှတဆင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်မှုများရှိလာစေရန် ရည်ရွယ်ကာ စုံညီပွဲတော်ကို ပြုလုပ်ကျင်းပရခြင်းဖြစ်သည်ဟု ၎င်းစုံ ညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် နော်ဂေလယ်ဝါးက ကေအိုင်စီသို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြောသည်။ 

၎င်းက “ကျမတို့ ဒီဒေသမှာရှိတဲ့ ကျောင်းသားတွေကပေါ့လေ။ အရင်ဆုံး ရင်းနှီးမှုရပြီးတော့ အနီးကပ် ပူးပေါင်းလုပ်ဆောင်မှုတွေရှိလာဖို့အတွက် စီစဉ်တာဖြစ်ပါတယ်။ အခုလို သူတို့တွေအချင်းချင်း တွေ့ဆုံရတဲ့ အတွက် ကျောင်းတစ်ကျောင်းစီရဲ့ အခြေအနေအပြင် နောက်ဆို အချင်းချင်းကြားမှာ ဘယ်လို ချိတ်ဆက်လုပ် ဆောင်သွားနိုင်မလဲဆိုတာလည်း သူတို့တွေ သိခွင့်ရသွားတာပေါ့နော်”ဟု ပြောသည်။ 

အဆိုပါ စုံညီပွဲတော်သို့ Karen Young Women Leadership School (KYWLS)၊ Karen Teacher Traini ng Collage (KTTC)၊  Dr.T.Thanbyah Christian Institute (TCI)နှင့် Mobile Teacher Training (MTT) စသည့် အထက်တန်းလွန်ကျောင်း (၄)ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၂၆ဝဦး လာရောက်ပူးပေါင်းပြီး ကျောင်းတိုင်း၏ ရည်ရွယ်ချက်နှင့် နောက်ခံသမိုင်း၊ သင်ကြားမှုဘာသာရပ်များကို မိတ်ဆက်ခြင်း၊ စကားရည် လုပွဲ၊ သီချင်းဆိုပြိုင်ပွဲနှင့် လူမှုရေးဆိုင်ရာ ကစားနည်းများကို ထည့်သွင်းကျင်းပပြု လုပ်ပေးခဲ့သည်ဟု သိရ သည်။ 

KYWLS ကျောင်းမှ နော်ရူးသာက “ကျောင်းတစ်ကျောင်းစီရဲ့ ရည်ရွယ်ချက်၊ နောက်ခံ သမိုင်း၊ သင်ကြားတဲ့ ဘာသာရပ်တွေကို သိခွင့်ရတယ်။ နောက်ပြီး အချင်းချင်းကြားမှာလည်း ခင်မင်ရင်းနှီးမှုတွေရလာတာ အမှန် ပါပဲ။ ဒါတွေက ကျမတို့တွေ ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်မှုများလာဖို့အတွက် အခွင့်အလမ်းတစ်ရပ်ပါ။ ကျမ တို့ ကစားတဲ့ ဂိမ်းတွေထဲမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတဲ့ စကားနည်းတွေပါဝင်တဲ့အတွက် အရမ်း ကို အကျိုးရှိပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ 

မူတရော်ခရိုင်ရှိ ကော်သူးလေ အထက်တန်းလွန်ကျောင်းသားများ စုံညီပွဲတော်ကို ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လူသောမြို့နယ်၊ ဒေ့ပူနို့ကျေးရွာတွင် ပထမအကြိမ် ပြုလုပ်ကျင်းပခဲ့ဖူးသလို နောင်နှစ်များတွင်လည်း အလားတူ စုံညီပွဲတော်မျိုးကို တစ်နှစ်တစ်ကြိမ် ပြုလုပ်သွားရန် အစီအစဉ် ချမှတ်ထားသည်ဟု ပွဲတော် ဖြစ်မြောက်ရေးအတွက် ဦးဆောာင်စီစဉ်သူများက ပြောသည်။ 

ကေအဲန်ယူ-နယ်မြေနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအပါအဝင် ကော်သူးလေ အထက်တန်း လွန်ကျောင်း (၁ဝ) ကျော်ရှိပြီး ၎င်းကျောင်းများမှ နှစ်စဉ် ကျောင်းသူ၊ ကျောင်းသားဦးရေ ၁,ဝဝဝကျော် တက် ရောက်အောင်မြင်လျက်ရှိသည်။ 

အဆိုပါ အောင်မြင်သွားသည့် ကျောင်းသူ၊ ကျောင်းသားများမှာ နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြုခြင်းမခံရသည့်အတွက် သက်ဆိုင်ရာ ကေအဲန်ယူ ဌာနဆိုင်ရာ၊ ကရင်လူမှုအဖွဲ့ အ စည်းနှင့် NGOs အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်သူများရှိသလို အချို့မှာ နိုင်ငံခြား တက္ကသိုလ် များနှင့်ချိတ်ဆက်ကာ ပညာတော်သင်အစီအစဉ်ဖြင့် ဆက်လက်ပညာသင်ယူနေသူများရှိသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...