အချုပ်အခြာအာဏာ ထိပါးစေသည့်အချက်မှလွဲ၍ ငြိမ်းချမ်းရေးစာချုပ်ပါ အချက်များ ညှိနှိုင်းပေးမည်ဟု ဦးအောင်မင်းပြော

အချုပ်အခြာအာဏာ ထိပါးစေသည့်အချက်မှလွဲ၍ ငြိမ်းချမ်းရေးစာချုပ်ပါ အချက်များ ညှိနှိုင်းပေးမည်ဟု ဦးအောင်မင်းပြော
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပါ အချက်များတွင် ခွဲထွက်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးစေသည့်အချက်မှ လွဲပြီး အခြားမည်သည့်အချက်မဆို ညှိနှိုင်းပြင်ဆင်ပေးနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ဧပြီ ၉ ရက်ညနေပိုင်းတွင် ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သံသယမရှိရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက်လည်း စိုးရိမ်မှုမရှိရန် ဦးအောင်မင်းက ဆိုသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးပါက မတရားသင်းပုဒ်မ ၁၇(၁) ကိုလည်း ပယ်ဖျက်ပေးမည်ဟု ဦးအောင်မင်းက ကတိပေးခဲ့သည်။

မေ ၉ ရက် အင်းယားလိတ်ဟိုတယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရ ဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၆၅ ပါတီမှ ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးစဉ် ဦးအောင်မင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ မူတူးစေဖိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး "၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ရန် အချိန်ဆွဲမနေဘဲ ပူးပေါင်းဆောင်ရွက်ရန်" တိုက်တွန်းခဲ့သေးသည်။

ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူခဲ့ကြသည့် ကတိကဝတ်များကို စာရွက်ထဲတွင်မထားဘဲ အမှန်တစ်ကယ် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်များအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ အလျင်အမြန် ကျင်းပနိုင်ရန် ဟူသည့် ကတိပြုချက်ကို အကောင်အထည်ဖော်ရမည်ဟုလည်း သူကဆိုသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...