ရခိုင်ကော်မရှင်ကို အသိအမှတ်မပြုကြောင်းအဆိုကို ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြု

ရခိုင်ကော်မရှင်ကို အသိအမှတ်မပြုကြောင်းအဆိုကို ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြု
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြည်နယ်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုကြောင်း အရေးကြီး အဆိုကို အမတ် ၁၄ ဦးက ၀ိုင်းဝန်းဆွေးနွေးခဲ့ကာ ကန့်ကွက်သူမရှိပဲ အတည်ပြုကြောင်း သိရသည်။

"ကျွန်တော်တို့ ဆွေးနွေးခဲ့သူ စုစုပေါင်း ၁၄ဦး ဆွေးနွေးခဲ့ပြီး ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု အမတ် ၁၂ ဦး ဆွေး နွေး ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တစ်ဦး ၊ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဆွေးနွေးခဲ့ပြီး အကုန်လုံးက ထောက်ခံဆွေးနွေးခဲ့ပါတယ်" ဟု အဆိုတင်သွင်းခဲ့သူ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရခိုင်အမျိုး သားပါတီ ကိုယ်စားလှယ် ဦးကျော်ဇောဦးက မဇ္စျိမသို့ပြောသည်။

ဦးကျော်ဇောဦးသည် စက်တင်ဘာ ၁၂ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင် ကို ကန့်ကွက်ကြောင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုကို စက်တင်ဘာလ ၁၄ရက်နေ့ က ဆွေးနွေး အတည် ပြုခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ကန့်ကွက်ခြင်းကြောင့် ကော်မရှင်ရဲ့ ဆုံးဖြတ် နိုင် စွမ်းဟာ တန်ဖိုးလျော့ကျသွားနိုင်ကြောင်းလည်း ဦးကျော်ဇောဦးက မဇ္စျိမသို့ပြောသည်။

"ရခိုင်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုဘူး ၊ လွှတ်တော်ကလည်း လက်မခံဘူး ၊ တခြားလူတွေကလည်း လက်မခံဘူး အဲ့ကြားထဲက သူတို့လုပ်ခဲ့ရင် ကျွန်တော်တို့ ပြောရေးဆိုခွင့် လျော့တယ်ဆိုတာထက် အဲ့ဒီကော်မရှင်ရဲ့ သတင်းအချက်အလက်စုံလင်မှု ယထာဘူယျ ကျကျ ဆုံးဖြတ်နိုင်မှုက တန်ဖိုးအများကြီး လျော့သွားပါတယ် " ဟု ဦးကျော်ဇောဦး ကပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါကော်မရှင်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် မစ္စတာကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ပြီး ပြည်တွင်းက တတ်သိပညာရှင် ခြောက်ဦး ၊ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင် သုံးဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့  စည်းထားသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...