မူးယစ်ဆေးဝါးက တိုင်းရင်းသားများဘဝ ဖွံဖြိုးတိုးတက်ရေးကို နှောက်ယှက်နေကြောင်း နိုင်ငံတော်သမ္မတပြော

မူးယစ်ဆေးဝါးက တိုင်းရင်းသားများဘဝ ဖွံဖြိုးတိုးတက်ရေးကို နှောက်ယှက်နေကြောင်း နိုင်ငံတော်သမ္မတပြော
by -
မဇ္ဈိမ
မူးယစ်ဆေးဝါး အန္တရာယ်က တိုင်းရင်းသား လူမျိုးစုများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတားဖြစ်နေကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေခန်းမ၌ ပြုလုပ်သော သမ္မတ နှင့် တိုင်းရင်းသား ဖွံ့ ဖြိုး တိုးတက်ရေးတက္ကသိုလ် သင်တန်းသားများ တွေ့ဆုံပွဲတွင် သင်တန်းသူ သင်တန်းသားများကို ပြောဆိုခဲ့ခြင်း ဖြစ် သည်။

"နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား လူမျိုးစုများ၏ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုး တိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေမည့် မူးယစ်ဆေးဝါး အန္တရာယ်ကို မိမိတို့ သားတပည့်များက တစ်ဆင့် သိကျွမ်းလာမည့် မိဘများကိုပါ အခြေအနေ ပေးတိုင်းဆွေးနွေး ပြောကြားစေလိုပါကြောင်း" သမ္မတ ဦးထင်ကျော် က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သင်တန်းသူ သင်တန်းသားများသည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ မူလတန်း ဆရာအတတ်သင် (၃)နှစ်သင်တန်း အမှတ်စဉ် (၄၅) တက်ရောက်သူများ ဖြစ်ပြီး မကြာမီတွင် မိမိတို့၏ ဇာတိရပ်ရွာဒေသများ၌ ပညာရေး ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်သွားမည့်သူများ ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ ဒုတိ ယ ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း နိုင်ငံတော် သမ္မတ ရုံးက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...