စစ်ဘေးရှောင် ချင်းပြည်သူများ အကူအညီလိုအပ်နေဆဲ

စစ်ဘေးရှောင် ချင်းပြည်သူများ အကူအညီလိုအပ်နေဆဲ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲဖြစ် ပွားမှုကြောင့် ထွက်ပြေးတိမ်ရှောင်နေကြသော စစ်ဘေးရှောင် ချင်းပြည်သူများ နေထိုင်စားသောက်ရေး အကူအညီလိုအပ် နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်နှင့် ဧပြီလပထမပတ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် တည်ရှိသော ပလက်ဝမြို့နယ် ပြင်စိုကျေးရွာသားများသည် ဧပြီလ ၂၇ ရက်နေ့ကစပြီး ကုလား တန်မြစ်ဘက်သို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ပြင်စိုကျေးရွာတွင် အိမ်ခြေ (၆၄)အိမ်ရှိပြီး လူဦးရေ ၃၇၀ ခန့်ရှိကြရာ ယခုအခါ ကျေးရွာသားများသည် ကုလားတန်မြစ် ကမ်းနားသောင်ပြင်ပေါ်တွင် ယာယီတဲထိုးပြီး နေထိုင်နေကြရသည်ဟု Khumi မီဒီယာတွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ် ခူမီးလူငယ်အဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သောအကူအညီများကို ထောက်ပံ့ပေးလျက် ရှိပြီး ဆန်အိတ်(၂၈)အိတ်၊ မိုးကာ အလိပ်(၂၀)အား ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ကူညီထောက်ပံ့ခဲ့ကြ သည်ဟုသိရသည်။

ယခုလက်ရှိတွင် ရခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိကြသော်လည်း စစ်ဘေး ရှောင်ပြည်သူ များသည် စိုးရိမ်မှုများရှိနေပြီး ၎င်းတို့နေရပ်သို့မပြန်ရဲကြကြောင်း စုံစမ်းသိရှိရသည်။

မေလ ၂ရက်နေ့က ရန်ကုန်မြို့ရှိ ခူမီးလူကြီးတချို့အစည်းအဝေးတစ်ရပ်ကျင်းပကာ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခ သည်များ ကူညီထောက်ပ့ံရေး အရေးပေါ်ကော်မတီ (ရန်ကုန်)ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၇ – ၈ – ၉) ရက်နေ့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ် ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက် ၈ (ဂ) တွင် ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၊ အစိုးရလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချင်းအမျိုးသားတပ်မတော်တို့သာ နေရာချထားခွင့်ပြုရန်ဟု ပါရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က Chin Ceasefire Monitoring Team (CCMT) က (၅၁) ချက်ပါ အစိုးရနှင့် ချင်းအ မျိုးသားတပ်ဦး (CNF) အကြား အပစ်အခပ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် ဒေသအတွင်း ရခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်အကြား တိုက်ပွဲကိစ္စကို အထက်သို့တင်ပြရန်သာ အစိုးရဖက်မှ တုံပြန်ခဲ့သည်ဟု သိရသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...