အမျိုးသားလွှတ်တော်ဥက္ကဌ(ငြိမ်း) တင်သွင်းသည့်အဆိုသည် စိတ်ကူးယဉ်ဆန်လွန်းဟု NLD အမတ်တို ့ဆွေးနွေး

အမျိုးသားလွှတ်တော်ဥက္ကဌ(ငြိမ်း) တင်သွင်းသည့်အဆိုသည် စိတ်ကူးယဉ်ဆန်လွန်းဟု NLD အမတ်တို ့ဆွေးနွေး
by -
မဇ္ဈိမ
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (ငြိမ်း) လွှတ်တော်အမတ် ဦးခင်အောင်မြင့် တင်သွင်းခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စုများ စာမတတ်သူ ပပျောက်ရေး အဆင့်မြင့်ပညာသင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူး စီမံကိန်းချ၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုသည် စိတ်ကူးယဉ်ဆန်ပြီး ဘောင်ကျဉ်းလွန်းသည်ဟု NLD အမတ်တို ့နှစ်ဦးက လွှတ်တော်တွင်ဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော်အစည်းအဝေး စက်တင်ဘာလ ၈ ရက်နေ ့နံနက်ပိုင်းက ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ လွှတ်တော်အမတ် နော်လှလှစိုး နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ လွှတ်တော်အမတ် ဒေါ်အိအိပြုံးတို့က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“အဆိုဟာ ဘောင်ကျဉ်းလွန်းခြင်း၊ ပြည့်စုံခြင်း မရှိတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲကြေငြာစာတမ်း စာမျက်နှာ ၁၂ အပိုဒ် ၃ “ ဖက်ဒရယ်ပြည်ထောင်စုနှင့် အညီ တိုင်းရင်းသား ဘာသာစကား ယဉ်ကျေးမှုကို အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်သွားမည်။ အပိုဒ် ခွဲ (ခ) မိခင် ဘာသာစကားကို မူလတန်းတွင် သက်ဆိုင်ရာ ပြည်နယ်တိုင်း အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ဆိုသည့်အချက်မှာ နိုင်ငံတော်၏ မူဝါဒနှင့်အတူတူဖြစ်တာမို့လို့ ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်းရင်း ဆွေးနွေးမှုကို နိဂုံးချုပ်ပါတယ် ” ဟု လွှတ်တော်အမတ် နော်လှလှစိုး ကပြောသည်။

နိုင်ငံတကာတွင် ကျင့်သုံးသကဲ့သို ့မူလတန်းတွင် မိခင်ဘာသာစကား ၊ အလယ်တန်း နှင့် အထက်တန်းအဆင့်တွင် နိုင်ငံ၏ အများသုံးဘာသာစကား နှင့် ကမ္ဘာသုံးဘာသာစကား သင်ကြားခြင်းကို လက်တွေ ့လုပ်ဆောင်မှသာလျှင် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ဖို ့ အင်အားတစ်ရပ်ဖြစ်လာမည်ဟု နော်လှလှစိုးက ပြောသည်။

“ရေဒီယို စတေရှင်လွှင့်ထောင်ပြီး ဘာသာပြန် ဆောင်းပါးများ ထုတ်လွှင့်ပေးခြင်းနှင့် တောင်ပေါ်ဒေသများအတွက် မူလတန်း အဝေးသင်ပညာရေးကို ထိေရောက်အောင်မြင်ရန် အကြံပြုချက်များဟာလည်း လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲပြီး စိတ်ကူးယဉ်ဆန်နေသလားလို့ထင်မြင်မိပါတယ်ရှင် ” ဟု လွှတ်တော်အမတ် ဒေါ်အိအိပြံုးကပြောသည်။

တိုင်းရင်းသားအရေးနှင့် ပညာရေး ကောင်းမွန်ရန် ငြိမ်းချမ်းရေးသည် အရေးကြီးကာ တိုင်းရင်းသား ပညာရေးကို ဆွေးနွေးရာတွင် ဖက်ဒရယ်ပြည်ထောင်စု မူနှင့်အညီ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုကို အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်ရမည်ဟု ဒေါ်အိအိပြုံး ကဆိုသည် ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (ငြိမ်း) တင်သွင်းခဲ့သည့်အဆိုကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးလျက်ရှိကာ NLD အမတ်အများစုက မှတ်တမ်းတင်ရန်သာ လွှတ်တော်တွင် ပြောကြားလျက်ရှိကာ အဆိုကို လာမည့်အစည်းအဝေးတွင် အတည်ဖြစ်၊ မဖြစ် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...