မန်စီတွင် တပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲ ပြင်းထန်

မန်စီတွင် တပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲ ပြင်းထန်
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီး အစိုးရ စစ်တပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။

“ဒီနေ့(၇ ရက်နေ့) နေ့လယ် ၁ နာရီ ၂ နာရီကြားမှာ  တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးတွေ  လာကြဲသွားတယ်။  နာရီဝက်လောက်  လာကြဲသွားတယ်။ ဗုံး  ဘယ်နှစ်လုံးလဲ ဆိုတာ မရေတွက်နိုင်တော့ဘူး။ အခုလည်း ကျနော်တို့ဘက်က ပစ်ဖို့ ပြင်ဆင်နေပြီ”ဟု ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

KIA တပ်မဟာ  ၃  လက်အောက်ခံ  တပ်ရင်း ၁၂  နယ်မြေအတွင်း  မန်စီမြို့နယ်  နမ့်လင်းပါ ကျေးရွာအနီး  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်တို့ မေလ ရ ရက် နံနက် ၅ နာရီချိန် မှစတင်၍ မြေပြင်တိုက် ပွဲ ဖြစ်ပွားနေရာမှ မွန်းလွဲပိုင်း ၁ နာရီချိန်တွင် အစိုးရ တပ်မတော်က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦး  "မန်စီရဲ့   အနောက်တောင်ဘက် ၃၁  မိုင်ဝေးတယ်။  အစိုးရဘက်  တပ်ရင်း  ၁၄၂ နဲ့  ဟိုဘက် တပ်ရင်း ၁၂ နဲ့ပါ။ ၁၁ နာရီလောက်ကနေ ၁၁ နာရီ ၁၅ လောက်ထိ ဖြစ်ကြတယ်တဲ့။ တိုက်ပွဲက ပြင်းထန်လား ဆိုတော့ ၁၅မိနစ်လောက်ဆိုတော့ ...။ ဒီဘက်က တပ်ရင်းမှူး စစ်ကြောင်းလို့ ပြောတယ်။ အသေအပျောက်တော့ မရှိဘူး ပြောတယ်။ စိစစ်နေတုန်းပဲ"ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ သတင်းရေးသားချိန် ညနေ ၅ နာရီခွဲချိန်ထိ တိုက်ပွဲ ဆက်လက်၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။ မေလ ၆ ရက်က KIA တပ်ရင်း ၁၂ ရှိရာသို့ အစိုးရ တပ်မတော် တပ်ရင်း ၃ ရင်းက ဝင်ရောက်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ မေ ရ ရက်တွင်လည်း တပ်ရင်း ၂ ရင်းခန့် ထပ်မံ အားဖြည့်မှုများ ရှိနေသဖြင့် တိုက်ပွဲ ဆက်လက် ပြင်းထန်မည့် အခြေအနေ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...