တွေ့ဆုံပွဲတွေ အမှန်တကယ်အကျိုးရှိစေဖို့

တွေ့ဆုံပွဲတွေ အမှန်တကယ်အကျိုးရှိစေဖို့
ဓါတ်ပုံ – IPRD Loikaw
ဓါတ်ပုံ – IPRD Loikaw

ဝန်ကြီးချုပ်ခရီးစဉ်တိုင်းမှာ လူထုတွေ့ဆုံပွဲတွေ လုပ်သွားချိန် နောက်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ဌာနဆိုင်ရာတွေ တစီတတန်းကြီးက အမြဲလိုလို လိုက်ပါသွားတတ်ကြတာက ထုံစံလိုလိုဖြစ်နေပါပြီ။ တွေ့ဆုံပွဲမှာ သမာရိုးကျ အပြန်အလှန်တင်ပြတောင်းဆိုမှုတွေထက် ပိုကောင်းတဲ့ အမူအကျင့်တွေကတော့ လိုအပ်နေဆဲပါ။

တွေ့ဆုံပွဲတိုင်းမှာ လူထုတွေတင်ပြတာတွေကတော့ ရေရရှိရေး ၊ ပညာရေးကျောင်းဆောင်ရရှိရေး ၊ ဆရာ/မ ရရှိနိုင်ရေး ၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ အဆောက်အဦးပိုင်းတွေ ဌာနဆိုင်ရာက ကွင်းဆင်းဆောက်ရွက်ရ မယ့် အပိုင်းတွေပါပဲ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ပြည်နယ် အစိုးအရအဖွဲ့ နဲ့ဒီးမော့ဆိုမြို့နယ် အတွင်းက ကျေးရွာ အုပ်စု ၁၄ စုမှ ကိုယ်စားလှယ်တွေဟာဒီးမော့ဆိုမြို့နယ်ခန်းမ မှာ တွေ့ဆုံခဲ့ပြီး ကျေးရွာလိုအပ်ချက်တွေကို တင်ပြဆွေးနွေးတာတွေပြုလုပ်ခဲ့ပါတယ်။

ဒေါတမကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမီရယ်က “ ကျနော်တို့ အုပ်စုအနေနဲ့ အဓိကတင်ပြတာကတော့ ကျနော်တို့ရဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ၊ အဲဒီပညာရေးအဆောက်အအုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ကျနော်တို့ရဲ့ လမ်းတံတားတွေ ဖွံ့ဖြိုးဖို့အတွက် ဒါတွေ မရှိမဖြစ်လိုအပ်တဲ့ ဟာတွေ ကျတော်တို့ တင်ပြတောင်ခံရခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒီလို တစ်ခါတစ်ခါ ဆွေးနွေးပွဲမှာ ကျေးရွာ ကိုယ်စားလှယ်တွေက မိမိတို့ရဲ့ ကျေးရွာလိုအပ်ချက်တွေကိုအသီးသီးတင်ပြကြပြီး တင်ပြချက်ပေါင်း ၁၀၀ ကျော်ရှိတယ်လို့လည်းသိရပါတယ်။

ဒီလိုတွေတင်ပြလာတဲ့အတွက်လည်း ဖြေကြားတဲ့သူတွေက လာမည့်စီမံကိန်းဘတ်ဂျက်လိုင်းမှာ ရေးဆွဲပေး ရမယ်ဆိုတာတွေ ဖြေနေကြပါ။

အများဆုံးက သက်ဆိုင်ရာဌာနဆိုင်ရာတွေ ၊ အထွေထွေအုပ်ချုပ်ရေးမှူးတွေက ဖြေကြားသွားတာပါ။

ဆွေးနွေးပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရနှင့် ပြည်သူချိတ်ဆက်ပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်တဲ့အတွက် အခုလို တွေ့ဆုံပွဲတွေ ကိုဖန်တီးပေးတာဖြစ်တယ်လို့ဆိုပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုက “ကျနော်တို့ဝန်ကြီးလက်ထဲကိုရောက်နေပြီ၊ ဝန်ကြီးနဲ့ဌာနဆိုင်ရာနဲ့ ပြည်သူနဲ့ ချိတ်ဆက်ပြီး အကောင်းဆုံးနှစ်အလိုက် ဘတ်ဂျက်ကိုသုံးစွဲပြီး ဖော်ဆောင်မယ်ဆိုရင် အင်မတန်မှ ပြည့်စုံတဲ့၊ အင်မတန်မှေ ကာင်းမွန်တဲ့ အရွေ့တခုကိုသွားရောက်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။” လို့ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် မှာ ကျေးရွာအုပ်စု ၂၇ စုရှိပြီး အဲဒီထဲက ၁၃ အုပ်စုဟာ အစိုးရအဖွဲ့ကို နန်မယ်ခုံ နဲ့ ၅ မြောင်းတွေ့ဆုံပွဲတွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

ဒီလိုတွေ့ဆုံပွဲတိုင်းမှာ အစိုးရဌာနဆိုင်ရာက ပြည်သူ့ဝန်ဆောင်မှု လုပ်ရမှာ အစိုးရဌာနဆိုင်ရာအလုပ်ဖြစ် ပါတယ်။

တစ်ဖက်မှာ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ပြည်နယ်အတွက် အပြောင်းအလဲ ဖြစ်စေမည့် မူဝါဒတွေကိုလည်း ပြည်သူတွေက တင်ပြတောင်းဆိုဖို့လိုအပ်သလို ၊ ပြည်နယ်ဝန်ကြီးတွေကလည်း ပြည်သူထံ အသိပေးဖို့လည်းလို ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်အတွက် ပြုပြင် ပြောင်းလဲနိုင်မည့် ဥပဒေတွေ၊ နည်းဥပဒေတွေ ဆွေးနွေးတာ ၊ ရေးဆွဲနေတာ အားနည်းနေဆဲပဲ ဖြစ်ပါတယ်။

အခုတွေ့နေမြင်နေရတဲ့ လူထုတွေ့ဆုံပွဲမှာက တင်ပြချက်တွေက ဘယ်အစိုးရတက်တက် ဆောင်ရွက်ရမည့်လုပ်ငန်းတွေ၊ ဌာနဆိုင်ရာ လုပ်ငန်းတွေပါ။

တွေ့ဆုံပွဲတွေ အမှန်တကယ် အကျိုးရှိစေဖို့ပြည်နယ်အတွက် ပြုပြင်ပြောင်းလဲနိုင်စေမည့် ဥပဒေပြုရေးတွေ၊ တင်ပြတောင်းဆိုဖို့ လိုအပ်နေပါပြီ။

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...