UNFC အရေးပေါ် တိုးချဲ့ အစည်းအဝေး ချင်းမိုင်တွင်ကျင်းပ

UNFC အရေးပေါ် တိုးချဲ့ အစည်းအဝေး ချင်းမိုင်တွင်ကျင်းပ
by -
မဇ္ဈိမ
ဓာတ်ပုံ-ဖနိဒါ
ဓာတ်ပုံ-ဖနိဒါ
ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်တိုးချဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီကျော်တွင် စတင်ကျင်းပနေကြောင်း သတင်းရရှိသည်။

ထိုအစည်းအဝေးတွင် UNFC ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အင်ဘန်လ၊ အတွင်းရေးမှူး ခူဦးရယ် တို့ အပါအဝင် အဖွဲ့ဝင်များ အားလုံးတက်ရောက်နေသည်။

ဒုဥက္ကဋ္ဌ နိုင်ဟံသာမှာမူ မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပနေသည့် ၂၁ ရာစုပင်လုံ အကြို မွန်အမျိုးသား ကွန်ဖရင့် တက်ရောက်နေသဖြင့် UNFC အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

UNFC

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) မှ တာပန်လလည်း UNFC ၏ တွဲဘက်အတွင်းရေးမှူး (၂) အနေဖြင့် တက်ရောက်နေကြောင်း သိရသည်။

(ဓာတ်ပုံ-ဖနိဒါ)

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...