နာဂဒေသမှ လူသေဆုံးမှုရှိသည့် ကူးစက်မြန်ရောဂါဆက်လက် ဖြစ်ပွားနိုင်ခြေရှိနေသေး

နာဂဒေသမှ လူသေဆုံးမှုရှိသည့် ကူးစက်မြန်ရောဂါဆက်လက် ဖြစ်ပွားနိုင်ခြေရှိနေသေး
by -
မဇ္ဈိမ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကူးစက်မြန် ၀က်သက်ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာများတွင် တပ်မတော်မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်ဓာတ်ပုံ -  Naga Culture and Literature (Central)
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကူးစက်မြန် ၀က်သက်ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာများတွင် တပ်မတော်မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်ဓာတ်ပုံ - Naga Culture and Literature (Central)
နာဂဒေသရှိ လဟယ်မြို့နယ်၊ ဒုံဟီးမြို့နယ်ခွဲ(နန်းယွန်းမြို့နယ်) တို့တွင်အများဆုံးဖြစ်ပွားနေသည့် ကူးစက်မြန် (၀က်သက်) ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုများရှိနေဆဲဖြစ်ပြီး ထိန်းချုပ်နိုင်ပြီဟုပြော၍ မရသေးဘဲ ဆက်လက်ဖြစ်ပွားနိင်ခြေရှိကြောင်း နာဂအမျိုး သားရေးရာကောင်စီမှ အထွေထွေအတွင်းရေးမှူး ဦးနော်အောင်ဆန်းက မဇ္စှိမကို ပြောသည်။

ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ပြောပြချက်အရ ၀က်သက်ရောဂါသည် အနည်းဆုံး ၂၂ရက်ခန့် စောင့်ကြည့်ပြီး ဆက် လက်ကူစက်ပျံနှံ့မှုမရှိသည့်အချိန်မှ ထိန်းချုပ်နိုင်ပြီဟုဆိုနိုင်ကြောင်း ဦးနော်အောင်ဆန်းက ဆက်လက် ပြောသည်။

ရောဂါဖြစ်ပွားမှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များမှာအများဆုံးဖြစ်ပြီး အသက် ၁လမှ ၉၄နှစ်အရွယ်ထိ သေဆုံး မှုများရှိခဲ့ကြောင်းနှင့် ယင်းကူးစက်မြန်ရောဂါကြောင့် သြဂုတ် ၁၂ရက်ထိ သေဆုံးသူ ၄၂ဦးရှိနေကြောင်း ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ စားနပ်ရိက္ခာမရှိဘူး ဒီဒေသမှာ မတ် ဧပြီလ ကနေစပြီးတော့ စားနပ်ရိက္ခာပြတ်လပ်တဲ့ ရွာတွေဖြစ်တယ်။ နောက် ဒုတိယ အချက်အနေနဲ့ ကာကွယ်ဆေးကိုထိုးနှံထားခြင်းမရှိဘူး။ ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုး ပေးထား ခြင်း မရှိဘူး။ ကာကွယ်ဆေးထိုးပေးဖို့လည်း ကျန်မာရေး ဆရာ၊ ဆရာမတွေအလုံအလောက်မရှိဘူး။ အဲ့တာ ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းမလုပ်နိုင်ဘူး။ နောက်တစ်ခုက ဖြစ်လာတဲ့အနေအထားကို ကို်င်တွယ်ဖြေရှင်းတဲ့ အခါမှာ မြန်မြန်ဆန်ဆန် ထိထိရောက်ရာက် လုပ်နိုင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ အခါကျတော့ မလို လားအပ်တဲ့ ပြဿနာ ရပ်တွေ ခံစားရတာပေါ့ “ ဟု ဦးနော်အောင်ဆန်းက မဇ္စျှိမကို ပြောသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကိစ္စရပ်များသည်အစိုးရအနေနှင့် ကူညီပေးမည်ဆိုပါက ယခုကဲ့သို့ဖြစ်ရပ်များ နည်းသွားမည်ဟုမျှော်လင့်ကြောင်း ဆိုသည်။

“ လက်ရှိအနေထားမှာ သူတို့ထိန်းချုပ်ဖို့ကြိုးစားတယ်။ ကိုင်တွယ်ဖို့အတွက်ကြိုးစားနေတဲ့ တချိန်ထဲမှာကလေးတွေက သေဆုံးနေတာကိုမြင်တွေ့ ရတဲ့အနေအထားမျိုးမှာ လက်ရှိအစိုးရရဲ့ ကိုင်တွယ်ထိန်းချုပ်မှုကိုတော့ ခုနကပြောသလို အပြည့်အဝတော့ အားမရသေးဘူး။ ဒီထက်ပိုပြီးတော့ အားစိုက်ပြီးလုပ်ပေးစေချင်တယ် “ဟု ဦးနော်အောင်ဆန်းက ပြော သည်။

နာဂဒေသတွင် စားနပ်ရိက္ခာမဖူလုံမှုနှင့် အဟာရချို့တဲ့မှုကြောင့် နှစ်စဉ်လူ ၆ ဦးခန့် သေဆုံးနေရသည်ဟုလည်း ဒေသခံများကပြော ဆိုကြသည်။

လက်ရှိရောဂါပျံ့နှံ့နေသည့်ဒေသတွင် အိမ်ထောင်စု ၁၅၀၃ စု၊ လူဦးရေ ၈၉၈၁ ဦးနေထိုင်လျက်ရှိပြီး တပ်မတော် ဆေး ဆရာဝန်များ၊ အစိုးရဘက်မှ ကျန်းမာရေးဝန်းထမ်းများနှင့် လူမှုရေးအဖွဲ့စည်းများ ပူးပေါင်း၍ ရောဂါထိန်းချုပ် နိုင်ရန် ဆောင်ရွက်နေသည် ဟုလည်း သိရသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးဝန်ထမ်း ခွင့်ပြုထားသည့် ဦးရေ ၃၀၉ ဦးရှိသော်လည်း လက်ရှိတွင် ၉၀ ဦးသာရှိပြီး၂၁၉ နေရာလစ်လပ်နေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် တင်ပြသည့် အချက်အလက်များမှ သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...