စံချိန်မမီ အဆောက်အဦဆောက်လုပ်မှုများအား ထိန်းချုပ်ရန် ဥပဒေရေးဆွဲနေ

စံချိန်မမီ အဆောက်အဦဆောက်လုပ်မှုများအား ထိန်းချုပ်ရန် ဥပဒေရေးဆွဲနေ
by -
မဇ္ဈိမ
 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
သတ်မှတ်ထားသည့် စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိဘဲ အဆောက်အဦ ဆောက်လုပ်နေမှုများအား ထိန်းချုပ်နိုင်ရန် ဥပဒေတစ်ရပ်ရေးဆွဲနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောသည်။

Construction Industry Development Board(CIDP Laws)ဟူသည့် ဥပဒေတစ်ရပ်အား ရေးဆွဲနေခြင်းဖြစ်ပြီး အဆိုပါ ဥပဒေ အသက်ဝင်လာပါက နိုင်ငံအဝှမ်းရှိ စံချိန်မမီဆောက်လုပ်မှုများအား ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း ဦးကျော်လင်းကပြောသည်။

"ဥပဒေအတည်ပြုပြီးသွားရင် တစ်နိုင်ငံလုံးသည် ဒီဥပဒေအတိုင်းပဲ ဆောက်ရွက်ရမယ်" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင်မူ အဆောက်အဦဆောက်လုပ်မှုများနှင့်ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများက ကိုင်တွယ်သလို အခြား တိုင်းနှင့်ပြည်နယ်များတွင်လည်း သက်ဆိုင်ရာ အစိုးရများက ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။

စံချိန်မမီ အဆောက်အဦဆောက်လုပ်နေမှုများကို ထိန်းချုပ်ရန် ရေးဆွဲနေသည့် CIDP ဥပဒေကြမ်းကို ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့က ကူညီရေးဆွဲနေပြီး "မကြာခင်မှာ ဒီဥပဒေရေးဆွဲပြီးသွားရင်တော့ အားလုံးတပြေးညီ ဖြစ်သွားပါမယ်"ဟု ဦးကျော်လင်းက ဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ဩဂုတ် ၁၆ရက်က ပြုလုပ်သည့် အစိုးရသစ် ရက်(၁၀၀)စီမံချက်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဦးကျော်လင်းက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦကို တွေ့ရှိပါက ချမှတ်မည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဥပဒေတွင် မည်သည့်သတ်မှတ်ချက်ဖြင့် ထည့်သွင်းရေးဆွဲမည်ကိုမူ တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိပေ။

စံချိန်၊ စံညွှန်းမမီဘဲ အဆောက်အဦဆောက်လုပ်နေမှုများအပေါ် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက 'ဆီးသီးဗန်းမှောက်' ဟူသည့် စကားလုံးဖြင့် ဘတ်ဂျက်များ လေလွှင့်ရခြင်းအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ရက်အတွင်းကပင် ရန်ကုန်မြို့ရှိ ဆေးရုံဝင်းအတွင်း အသစ်တိုးချဲ့ဆောက်လုပ်နေသည့် ငါးထပ်အဆောက်အဦတွင် ငြမ်းပြိုကျမှုကြောင့် ဆောက်လုပ်ရေး လုပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...