လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုက မြန်မာ၏ စီးပွားရေးနှင့် နိုင်ငံရေးတိုးတက်မှုကို ခြိမ်းခြောက်နေဟု ဆိုးရော့စ်ပြော

လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုက မြန်မာ၏ စီးပွားရေးနှင့် နိုင်ငံရေးတိုးတက်မှုကို ခြိမ်းခြောက်နေဟု ဆိုးရော့စ်ပြော
by -
မဇ္ဈိမ
လူမျိုးစုတင်းမာမှုများနှင့် သည်းခံမှုမရှိခြင်းတို့က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတိုးတက်မှုကို ခြိမ်းခြောက်နေသည်ဟု အမေရိကန် လူမျိုး ပရဟိတသမားနှင့် ရင်းနှီးမြုပ်နှံသူ ဂျော့ဆိုးရော့စ်က သတိပေးလိုက်သည်။ မစ္စတာဆိုးရော့စ်သည် မြန်မာနိုင်ငံကို ဆယ်စုနှစ် နှစ်နှစ်ကြာ အာရုံစိုက်၍ ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည်။

လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား အနှောင့်ယှက်ဆုံး အပိုင်းဖြစ်နေသည်ဟု မစ္စတာဆိုးရော့စ်က ဧပြီ ၃၀ က နယူးယောက်ရှိ  Asia Society တွင် ပြောကြားခဲ့သည်။

ထို့အပြင် ရခိုင်ရှိဘင်္ဂလီများကို ၀ိုင်းပယ်ခြင်းက သမ္မတဦးသိန်းစိန်ပေးသည့် အမွေကို ဆုံးဖြတ်နိုင်သည်ဟုလည်း ဆိုသည်။

ခြံုငုံ၍ဆိုပါက မစ္စတာဆိုးရော့စ်သည် ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးသို့သွားသည့် အစောပိုင်းခြေလှမ်းများအတွက် မြန်မာနိုင်ငံကို ချီးကျူးခဲ့သည်။ အောင်မြင်သည့် ပို၍ကာလတာရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ် ၄င်း၏ကြိုးပမ်းမှုများကို ကြေညာခဲ့သည်။ ဒီလိုကာလရှည် ဘဏ္ဍာရေးရင်းနှီးမြုပ်နှံမှု တစ်ခုလုပ်ခဲ့တယ်လို့ မထင်ဘူးဟု ဆိုးရော့စ်က ဆိုသည်။

ဆိုးရော့စ်သည် ပုဂ္ဂလကရင်းမြစ်များကိုမြုပ်နှံခဲ့ပြီး ၄င်း၏ ပွင့်လင်း လူ့အဖွဲ့အစည်းဖောင်ဒေးရှင်းမှတဆင့် ဒီမိုကရေစီ လှုပ်ရှားမှုတစ်ခုကို ဦးဆောင်သောကျောင်းသားများကို ကူညီခြင်း၊ နုနယ်သည့်ပညာရေးစနစ်ကို ခိုင်မာအောင်ပြုလုပ်ရာတွင် ကူညီခြင်း၊ နိုင်ငံ၏ဆက်သွယ်ရေးကွန်ရက်ကို အဆင့်မြင့်တင်ပေးခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကူညီခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မစ္စတာဆိုးရော့စ်လာရောက်ခြင်းမှာ ဗုဒ္ဓပန်းချီပြပွဲတစ်ခုအပါအဝင် မြန်မာနိုင်ငံအပေါ် အထူးအာရုံစိုက်စီစဉ်နေသော Asia Society ၏ရာသီတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...