မလေးရှားနယ်စပ်တွင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူများအား ထိုင်းအာဏာပိုင်များ ဖမ်းမိ

မလေးရှားနယ်စပ်တွင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူများအား ထိုင်းအာဏာပိုင်များ ဖမ်းမိ
by -
မဇ္ဈိမ
ထိုင်းနိင်ငံတောင်ပိုင်း မလေးရှားနယ်စပ်အနီးရှိ နေအိမ်တစ်လုံးအတွင်း လူမှောင်ခိုသမားများ ထားရစ်ခဲ့သည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၆၂ ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။

ထိုသူများသည် မလေးရှားနိုင်ငံအတွင်းသို့ ခိုးဝင်ရန် စောင့်ဆိုင်းနေစဉ် ဆွန်ခလာပြည်နယ် ပါဒန်ဘီဆာခရိုင်အတွင်းက အိမ်တစ်လုံး၌ တွေ့ရှိပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပါဒန်ဘီဆာခရိုင်သည် ၂၀၁၅ မေလအတွင်း တောထဲ၌ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းဝင်ရောက်သူများ၏ ရုပ်အလောင်းပေါင်းများစွာကို တွေ့ရှိခဲ့သည့် နယ်မြေဒေသလည်းဖြစ်သည်။ အလောင်းများ တွေ့ရှိပြီးနောက် ထိုင်းနိုင်ငံအတွင်း လူမှောင်ခိုကူးမှုများအား ဖြိုခွင်းလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း လူမှောင်ခိုကူးမှုများအား ထိုင်းနှင့် မြန်မာအာဏာပိုင်များ ဖြိုခွင်းလာခဲ့ချိန်မှစကာ ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းထွက်ခွာသည့် မွတ်စလင်ဦးရေက ကျဆင်းလာခဲ့သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...