ကူးစက်ရောဂါဖြစ်ပွားနေသော နာဂဒေသသို့ ကျန်းမာရေးစောင့်ရှောက်ရန် ကျန်းမာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့သွားရောက်

ကူးစက်ရောဂါဖြစ်ပွားနေသော နာဂဒေသသို့ ကျန်းမာရေးစောင့်ရှောက်ရန် ကျန်းမာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့သွားရောက်
by -
မဇ္ဈိမ
လဟယ်မြို့နယ်အတွင်း ကျေးလက်ဒေသတွင် နေထိုင်သည့် နာဂလူမျိုးများအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
လဟယ်မြို့နယ်အတွင်း ကျေးလက်ဒေသတွင် နေထိုင်သည့် နာဂလူမျိုးများအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နှင့် နန်းယွမ်းမြို့နယ်အတွင်း ကူးစက် ရောဂါဖြစ်ပွားနေသည့် ဒေသသို့ ကျန်းမာရေးစောင့်ရှောက်နိုင်ရန် နေပြည်တော်နှင့် တိုင်းဒေသကြီးမှ ကျန်းမာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။

“ကာကွယ်မှုတွေကတော့ ကျနော်တို့ဆီက ဆရာဝန်တွေဆေးကုပေးနေတာရှိတယ်။ နောက်ပြီးတော့ တပ်မတော်က ဆရာဝန်တွေလည်း ဆေးကုပေးနေပါတယ်။ တိုင်းကဆရာဝန် နှစ်ယောက်နဲ့ ကျန်းမာရေးက ၂ ယောက်၊ မြို့နယ်က ၁ ယောက်နဲ့ ရဲ၊ ထွေအုပ်တို့၊ နတလတို့ ပြန်ဆက်တို့ ၁၅ ယောက် ဒီမနက် ၉ နာရီ ၂၀ ကတည်းကနေ ထွက်သွားတယ်။ ခုထိ ရွာကိုတော့ မရောက်သေးဘူးဗျ။ ညနေပိုင်းလောက်မှ အခြေအနေသိရမယ်ထင်တယ်”ဟု နာဂဦးစီးအဖွဲ့ လက် ထောက် ညွန်ကြားရေးမှူး ဦးသိန်းဇော်က ပြောသည်။

ယနေ့ သြဂုတ်လ ၅ ရက်တွင် နေပြည်တော်မှလာနေသည့် ဆရာဝန် ၄ ယောက် ရောက်ရှိလာမည် ဖြစ်ပြီး ၆ရက်နေ့တွင် အဆိုပါ ကူးစက်ရောဂါ ဖြစ်ပွားနေသော ကျေးရွာများသို့ သွားရောက် ကုသပေးမည် ဖြစ်ကြောင်း သူက ပြောသည်။

ယနေ့တွင် စစ်ကိုင်းတိုင်းနှင့်မြို့နယ် ဆရာဝန် ၂ ယောက်၊ ကျန်းမာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့ အပါအဝင် တာဝန်ရှိ သူများ စုစုပေါင်း လူ ၁၅ ဦး သွားရောက်နေခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေတွင် အဆိုပါ ရောဂါ ကူးစက်မှု အနည်းငယ် လျော့သွားသည်ဟု ယူဆရသော်လည်း ရောဂါကူး စက်မှုကြောင့်  ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ ယနေ့ထိ ၃၈ ဦးထိ သေဆုံးပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ခုထိဆိုရင်တော့ လဟယ်မြို့နယ်မှာက ၂၅ ဦး၊ နန်းယွမ်းမြို့နယ်မှာက ၁၃ ဦး အားလုံးက ၃၈ ယောက်ပေါ့။ တခြား စိုးရိမ်ရတဲ့လူက ဆရာဝန်ပြောတာက ၄ ယောက်ဘဲရှိတယ်လို့ ပြောတယ်ဗျ”ဟု ဆိုသည်။

လက်ရှိဖြစ်ပွားနေသော ရောဂါကို ပြင်းထန် နမိုးနီးယား ခေါ် အသက်ရှူလမ်းကြောင်းတွင် ပိုးဝင်ရောက်ရောဂါဟုပြောဆိုနေကြပြီး  သွေးနမူနာနှင့် ဆီးနမူနာတို့ကို စစ်ဆေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးရုံးသို့ ပို့ဆောင်ထားသည်ဟု ဦးသိန်း ဇော်က ပြောသည်။

အဆိုပါ ရောဂါဖြစ်ပွားသူသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မျက်လုံးနီလာခြင်း၊ မျက်စီကျိန်းခြင်း၊ အရည်ပြားတွင် အနီ ကွက်များ ထွက်လာခြင်းစသည့် လက္ခဏာများ ဖြစ်လာပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းရောဂါဖြစ်ပွားသော ဒေသတွင် ရေရှားပါးပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း လူနေမှုအဆင့်နှိမ့်ကျခြင်းများကြောင်း ရောဂါကူးစက်မှု ပိုမိုဖြစ် ပွားရခြင်းဖြစ်သည်ဟု ဟလယ်မြို့နယ် ဆရာဝန် ဒေါက်တာ ဟိန်းထွဋ်ဆွေက သြဂုတ်လ ၃ ရက်က မဇ္စျိမကို ပြော ဆိုထားသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...