၂၀၁၅ ရွေးကောက်ပွဲ အချက် သုံးချက်ဖြင့် တိုင်းတာမည်ဟု ကိုမင်းကိုနိုင်ပြော

၂၀၁၅ ရွေးကောက်ပွဲ အချက် သုံးချက်ဖြင့် တိုင်းတာမည်ဟု ကိုမင်းကိုနိုင်ပြော
by -
မဇ္ဈိမ
၂၀၁၅ ရွေးကောက်ပွဲအား အချက်သုံး ချက်ပေါ်မူတည်၍ စောင့်ကြည့်သွားမည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ကိုမင်းကိုနိုင်က မဇ္စျိမကိုပြော ကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကျင်းပသည့် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲ အပြီးတွင် မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် နို၀င်ဘာလတွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲသည် မည်ကဲ့သို့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် ကျင်းပမည်၊ မည်ကဲ့သို့ ရွေးကောက်ပွဲစနစ်မျိုးအောက်တွင် မဲပေးရမည်၊ ရွေးကောက်ပွဲကာလတွင် အရေးကြီးသည် ့နိုင်ငံရေးအင်အားစုများ ကန့်သတ်ခြင်းခံရ၊ မရ ကြည့်ရမည်ဟု ဆိုသည်။

"အဲဒီအခြေခံသုံးချက်တော့ ကျွန်တော်တို့ ကြည့်ရမယ်"ဟု ပြောသည်။

"အဲဒီသုံးချက်နဲ့ အောင်တယ်ဆိုမှ ရွေးကောက်ပွဲမှာ တရားမျှတတာတို့ သန့်ရှင်းတာတို့ ဆက်ပြောရမှာ၊ မဲခိုးတာတို့ မခိုးတာတို့ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ရှိတာ၊ မရှိတာတို့က ဒါနောက်မှ ဆက်ဆွေးနွေးရမယ့်အပိုင်းပါ" ဟုဖြည့်စွက်ပြောသည်။

ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် ပါတီတည်ထောင်မည်မဟုတ်သော်လည်း တစ်ဦးချင်း အနေဖြင့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဆောင်ရွက်ချက်များရှိမည်ဟု ကိုမင်းကိုနိုင်ကပြောသည်။

"ကျွန်တော်တို့ရဲ့ လုပ်ကိုုင်ဆောင်ရွက်ချက်တွေဟာ ဒီမိုကရေစီအင်အားစုချင်း မနစ်နာအောင် ကိုယ့်ပြည်သူလူထုတွေ မဝေဝါးသွားအောင် ကျွန်တော်တို့ ကြိုးစားရလိမ့်မယ်" ဟုပြောသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...