ရခိုင်စစ်ဘေးသင့်ဒုက္ခသည်များ ကူညီခွင့် ရရန်မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကပြည်နယ် အစိုးရနှင့် ညှိနှိုင်းမည်

ရခိုင်စစ်ဘေးသင့်ဒုက္ခသည်များ ကူညီခွင့် ရရန်မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကပြည်နယ် အစိုးရနှင့် ညှိနှိုင်းမည်
by -
မဇ္ဈိမ
 မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ရခိုင်ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီနိုင်ရန် ရခိုင်ပြည်နယ် အစိုးရနှင့် မင်းပြားမြို့၌ မေ ၁၀ရက်တွင် ညှိနှိုင်းမှုများပြုလုပ်ပြီး သွားရောက်လှူဒါန်းမည်ဖြစ်သည်။

ရခိုင်စစ်ဘေးသင့် ဒုက္ခသည်များကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။

“အစ်မတို့  ဘာတွေကို ကူညီသွားမယ် ဆိုပြီးတော့ ပြည်နယ်အစိုးရနဲ့ အသေးစိတ် ညှိနှိုင်းမယ်။ ကူညီဖို့အတွက် နှုတ်မိန့် အားဖြင့်တော့ ခွင့်ပြုမိန့် ရပြီးသွားပြီ။ အစည်းအဝေးမှာ အသေးစိတ်ပြောပြီးတာနဲ့ အစ်မတို့ ကူညီဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမှာပါ။ အခုလက်ရှိကတော့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်။ စစ်ဘေးသင့် ဒုက္ခသည်တွေကို အစ်မတို့ တတ်နိုင် သလောက်ကူညီသွားမှာပါ” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ်ဘေးသင့်ဒုက္ခသည် အယောက် ၁၀,၀၀၀ ခန့်အား ကူညီသွားရန် ခန့်မှန်းထားသည်ဟု ဒေါ်စန်းစန်းမော်ကပြောသည်။

စစ်ဘေးဒဏ်သင့် ပြည်သူများထောက်ပံ့ရေးကော်မတီ အဖွဲ့ဝင် ကိုဇော်ဝင်းကလည်း ရခိုင်စစ်ဘေးသင့် ဒုက္ခသည်များကို စားနပ်ရိက္ခာများ၊ ဆေးဝါးများ စသည်တို့ကို ကူညီထောက်ပံ့ရန် ဧပြီ ၂၇ရက်တွင် စတင်ထွက်ခွာသွားလျက်ရှိသည်။

မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဒုက္ခသည်လေးရာကျော် တိမ်းရှောင်လျက်ရှိသည်ဟု ဧပြီ ၂၂ ရက်တွင်သိရပြီး ဒုက္ခသည် လေးရာကျော်ရှိခဲ့ရာမှ ဧပြီ ၂၇ ရက်တွင် ၅၇၀ ကျော်အထိ များပြားလျက်ရှိသည်ဟု စစ်ဘေးဒဏ်သင့် ပြည်သူများ ထောက်ပံ့ရေးကော်မတီ အဖွဲ့ဝင် ကိုဇော်ဝင်း ကပြောသည်။

ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီခွဲအချိန်နှင့် ရ နာရီခွဲအချိန်တို့တွင် တိုက်ပွဲနှစ်ကြိမ် တိုင်ဖြစ်ပွားခဲ့ပြီး မြန်မာ တပ်မတော်  ခမရ ၂၈၉ လက်အောက်ခံ တပ်ဖွဲ့နှင့် AA တို့သည် ရခိုင်ပြည်နယ်၊ ပလက်ဝ အနောက်ဘက်နှင့် ကျောက်တော်မြောက်ဖက်အကြားတွင် ည ၁၂ နာရီခွဲခန့်၌ တစ်ကြိမ်နှင့် နံနက် ရ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...