လုပ်ငန်းခွင်အတွင်းသေဆုံးသွားသည့် သားအတွက် လျော်ကြေးငွေ မရရှိသေး

လုပ်ငန်းခွင်အတွင်းသေဆုံးသွားသည့် သားအတွက် လျော်ကြေးငွေ မရရှိသေး
by -
ခိုနူမ်းထုန်
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် လုပ်ငန်းခွင်အတွင်းယာဉ်တိုက်မှုကြောင့် လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကသေဆုံးခဲ့ သည့် မောင်ထန်းကီးအတွက် ကုမ္ပဏီမှ ပေးအပ်သောနစ်နာကြေးငွေများကိုသေဆုံးသူ၏ မိသားစုဝင်များက ၄ နှစ်ကျော် ကြာသည်အထိမရရှိသေးကြောင်းသိရသည်။

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်ခရိုင်၊ မင်းတပ်မြို့၊ အမှတ်(ရ/၇) မင်းတပ်-ကျောက်ထုလမ်း၊ အရှေ့ပြင်ရပ်ကွက်နေဦးမနား ထန်း၏သားမောင်ထန်းကီးသည် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သော မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ GigaenGinnering& Construction Sdnbhd Co. Ltd.တွင် တာဝန်ထမ်းဆောင်စဉ် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ က ကုမ္ပဏီမော်တော်ယာဉ်မှ တိုက်မိသဖြင့် လုပ်ငန်းခွင်တွင် သေဆုံးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးသေဆုံးသူ၏ဖခင် ဦးမနားထန်းမှ မြန်မာနိုင်ငံအမျိူးသားလူ့အခွင့်အရေးကော်မီရှင်ရုံးသို့ နစ်နာကြေးရရှိရေးနှင့်ပတ်သက်၍တိုင်ကြားကာကော်မီရှင်ရုံး၏ အကူအညီဖြင့် မလေးရှားသံရုံုးသို့ တင်ပြပေးခဲ့ရာတွင် မလေးရှားအလုပ်သမားအက်ဥပဒေ ၁၉၅၂ အရအလုပ်သမားနစ်နာကြေးငွေ မလေးရှားငွေ ရင်းဂစ်(၂၅၀၀၀) အားထုတ်ပေးရန် အကြောင်းကြားစာပေးပို့ခဲ့သည်ဟုသိရသည်။

ထိုအချိန်တွင် မလေးရှားနိုင်ငံသို့ တာဝန်ယူပို့ပေးခဲ့သည့် Mr.Ivanleeအမှတ်(၂၆၃)၊ ပထပ်(ညာ)၊ ဗိုလ်မြတ်ထွန်းလမ်း၊ (၁၀) ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင်နေထိုင်သူမှ မောင်ထန်းကီး၏ လျော်ကြေးငွေထုတ်ယူရန် မလေးရှားကုမ္ပဏီမှ အကြောင်းကြားလာ၍မလေးရှားနိုင်ငံသို့ အမြန်သွားထုတ်ယူရန် အကြောင်းကြားလာသည့်အတွက် နစ်နာကြေးထုတ်ယူရန် ဦးမနားထန်းသည် မလေးရှားနိုင်ငံသို့ ကျပ်ငွေ(၁၄)သိန်းအကုန်ကျခံကာသွားရောက်ခဲ့သည်။

ဦးမနားထန်းသည် မလေးရှားနိုင်ငံပီကန်အလုပ်သမားအင်အားရုံးသို့ သွားရောက်သည့်အချိန်တွင် အလုပ်သမားအင်အားရုံးမှ ၎င်း၏သားနစ်နာကြေးငွေကို မြန်မာနိုင်ငံရှိသက်ဆိုင်ရာဌာနသို့ ပေးပို့ပြီးဖြစ်ကြောင်းပြောပြသည့်အတွက် ရန်ကုန်သို့ ပြန်လာခဲ့သည်ဟုသိရသည်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဌာနသို့ လိပ်မူကာမောင် ထန်းကီးအတွက် လျော်ကြေးငွေ စုစုပေါင်းရင်းဂစ်(၂၅၀၀၀)ကိုရန်ကုန်မြို့ မလေးရှားသံရုံးတွင် ထုတ်ယူနိုင်မည်ဖြစ် ကြောင်း အကြောင်းကြားစာလက်ခံရရှိသည့်အတွက် ဦးမနားထန်းသည် ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားညွန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိဦးစိုးနိုင်နှင့်အတူ ၂၄ အောက်တိုဘာ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့ မလေးရှားသံရုံးသို့ နစ်နာကြေးထုတ်ယူရန် သွားရောက်တောင်းခံခဲ့ကြသော်လည်းမလေးရှားသံရုံးမှ ၎င်းတို့ထံတွင် လျော်ကြေးငွေကိစ္စ လွှဲပို့ထား ခြင်းမရှိသေးကြောင်းပြော ဆိုသဖြင့် မောင်ထန်းကီးသေဆုံးသည့်နေ့မှစ၍ယနေ့ချိန်အထိနစ်နာကြေးငွေတစ်ပြားတစ်ချပ် မှမရရှိသေးကြောင်းဦးမနားထန်း၏ တိုင်ကြားစာတွင်ဖော်ပြထားသည်။

ဦးမနားထန်းသည် ချင်းပြည်နယ် ဝေးလံသောအရပ်မှ ယခုကဲ့သို့ သေဆုံးသွားသောသားအတွက် လျော်ကြေး၊နစ်နာကြေးငွေထုတ်ယူနိုင်ရန် ရန်ကုန်မြို့ မလေးရှားသံရုံးသို့ ခရီးစရိတ်အများအပြားကုန်ကျခံပြီးအကြိမ်ကြိမ်သွားရောက် စုံစမ်းခဲ့ပါသော်လည်းစုံစမ်းသည့်အချိန်တိုင်းတွင် သံရုံးအတွင်းသို့ ၀င်ခွင့်မရဘဲ ၎င်းတို့ထံသို့ (၁၄-၅-၂၀၁၄) ခုနှစ်အထိငွေမရောက်သေးကြောင်း သံရုံးတာဝန်ရှိသူဟု ဆိုသောဒေါက်တာရန်မျိူးသိမ်းကပြောဆိုသည်ဟုသိရသည်။

မောင်ထန်းကီးသေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်သူမိသားစုများထံလျော်ကြေးငွေထုတ်ပေးခြင်းမရှိသေးကြောင်းထောက်ခံစာထုတ်ပေးရန် ဒေါက်တာရန်မျိူးသိမ်းအားတောင်းခံသည့်အခါတွင်လည်းထိုစာမျိူးထုတ်ပေး၍မရကြောင်းကိုသာပြောဆိုခဲ့သည်ဟုဦးမနားထန်းကပြောသည်။

ထို့ကြောင့် မောင်ထန်းကီးလျော်ကြေးထုတ်ပေးရေးကိစ္စတွင် မရိုးသားမှုများရှိနေနိုင်ပြီးသေဆုံးသူ၏ မိသားစုဝင်များသည် ဥပဒေအရရပိုင်ခွင့်ဆုံးရှံုးနစ်နာနေကြရကြောင်း သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...