အသက် ၁၅ နှစ်အရွယ် ချင်းအမျိူးသမီးကိုု ရဲနှစ်ဦးက မုဒိမ်းပြုကျင့်

အသက် ၁၅ နှစ်အရွယ် ချင်းအမျိူးသမီးကိုု ရဲနှစ်ဦးက မုဒိမ်းပြုကျင့်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်အထက်ပိုင်း တွန်းဇံမြို့တွင် အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူ ချင်းအမျိူးသမီးတစ်ဦးကို ဒေသတွင်း တာဝန်ကျ ရဲသားနှစ်ဦးက မုဒိမ်းပြုကျင့်သည့်ဖြစ်ရပ်တစ်ခု ဧပြီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။

တွန်းဇံမြို့ရဲစခန်းမှ ဒုတပ်ကြပ်အဆင့်ရှိ ဖြိုးကိုကို နှင့် ဖြိုးပိုင်တို့သည် ည ၈ နာရီခန့်တွင် အဆိုပါအမျိူးသမီးအိမ်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေမကောင်းဖြစ်နေသော သူမ၏ အစ်မဖြစ်သူမှ ခေါ်ခိုင်းလိုက်ကြောင်း ပြောဆိုကာ ရဲသားနှစ်ဦးက ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ရဲသားနှစ်ဦးသည် အဆိုပါအမျိူးသမီးကို သူမ၏ အမကြီးအိမ်သို့ မလိုက်ပို့ဘဲ တွန်းဇံမြို့ရဲစခန်းတောင်ဘက် တစ်မိုင်ခွဲခန့်အကွာ လျှပ်စစ်ရုံးလမ်းခွဲဘက်သို့ ခေါ်ဆောင်သွားပြီး အတင်းအဓမ္မ ပြုကျင့်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါရဲသားနှစ်ဦးသည် အစ်မဖြစ်သူ၏ လင်ယောကျာင်္းနှင့် ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်ဟု သိရသည်။

ဧပြီလ ၁၅ ရက်နေ့က ကျပ်ငွေ သိန်း ၃၀ဖြင့် အမှုကျေအေးပေးရန် ရဲသားနှစ်ဦးမှ လာရောက်တောင်းဆိုခဲ့ကြသော်လည်း ကာယကံရှင်ဘက်က လက်မခံဘဲ တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ဧပြီလ ၂၀ ရက်နေ့တွင် တွန်းဇံရဲစခန်းသို့ အမှုဖွင့်တိုင်ကြားလိုက်သည်ဟုသိရသည်။

ရဲစခန်းသို့အမှုတိုင်ကြားပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက အဆိုပါမုဒိမ်းမှုကျူးလွန်သူ ဖြိုးကိုကို နှင့် ဖြိုးပိုင်တို့နှစ်ဦး ကို ပုဒ်မ ၃၇၆/၁၁၄ ဖြင့် အရေးယူဖမ်းဆီးထားပြီဖြစ်ကြောင်းသိရသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...