ပြည်တွင်းစစ် ရပ်တန့်ပြီး အားလုံးပါဝင်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရခိုင်ပြည်တပ်မတော် AA တိုက်တွန်း

ပြည်တွင်းစစ် ရပ်တန့်ပြီး အားလုံးပါဝင်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရခိုင်ပြည်တပ်မတော် AA တိုက်တွန်း
by -
မဇ္ဈိမ
 နှစ်ပေါင်းခြောက်ဆယ်ကျော် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို ရပ်တန့်ပြီး အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ရခိုင်ပြည်တပ်မတော် (AA) က တိုက်တွန်းကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်တပ်မတော် (AA) သည် လက်ရှိတိုက်ခိုက်နေသော ရက္ခိုင့်တပ်မတော် (AA) နှင့် မတူညီဘဲ သီးခြားရှိနေသော ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု ဖြစ်သည်။

၎င်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် "စစ်မှန် တရားမျှတ၍ အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ပေးရန် တိုက်တွန်းလိုက်သည်" ဟု ထုတ်ပြန်ထားသည်။

"ယခုဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ဆိတ်သုဉ်းမှုတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြရန် လိုအပ်သည်"ဟု အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ရခိုင်ပြည်တပ်မတော်သည် ၁၉၉၀ မတိုင်ခင်က တည်ထောင်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရက္ခိုင့်တပ်မတော် သည် ၂၀၀၉ ခုနှစ်တွင် ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်တပ်မတော် (AA) နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့များရှိသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ မတ်လ အကုန်ပိုင်းမှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ဧပြီလ အတွင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထို့ပြင် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

aa statement

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...