ဇွန်လ ၁၁ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်မည်

ဇွန်လ ၁၁ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်မည်
ပြီးခဲ့သည့်မတ်လက ဖြေဆိုခဲ့သော ၂၀၁၅-၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း(၁၀ တန်း) အောင်စာရင်းကို လာမည့်စနေနေ့ ဇွန်လ ၁၁ ရက်နေ့တွင် ထွက်နိုင်လိမ့်မည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ခန့်မှန်းသိရှိရသည်။

မွန်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ အခုဇွန်လ ပထမပတ်မှာ မထွက်နိုင်ဘူး၊ ဒုတိယပတ်ကုန်လောက်မှာ ထွက်နိုင်မယ်လို့ ထင်တာပဲ’’ ဟုပြောသည်။

အလားတူ မတ်လ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို လာမည့်ဇွန်လ ၁၁ ရက်(စနေနေ့) တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက “အောင်စာရင်းထုတ်ပြန်တဲ့နေရာတွေကလည်း အရင်အတိုင်းပဲ၊ နေရာပြောင်းလဲဖို့ မရှိပါဘူး’’ဟု  ပြောသည်။

မွန်ပြည်နယ်အနေဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား ရ၃၀၈ ဦး၊ ကျောင်းသူ ၁၂၃၇၃ ဦး၊ စုစုပေါင်း ၁၉၆၈၁ ဦးရှိကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားငါးသိန်းကိုးသောင်း ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ယမန်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ(၂၀၁၄-၁၅ ခုနှစ်) အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မွန်ပြည်နယ်သည် ခြောက်နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးအဖြစ် ရပ်တည်ခဲ့ရာမှ ဒုတိယအောင်ချက် အကောင်းဆုံးသို့ လျောကျခဲ့သည်။

ယမန်နှစ်တွင် တစ်နိုင်ငံလုံး၏ အောင်ချက်အကောင်းဆုံးအရ ဧရာဝတီတိုင်း ၅၁ ဒသမ ရ၈ ရာနှုန်းဖြင့် ပထမ၊ မွန်ပြည်နယ် ၄၃ ဒသမ ၄၀ ရာနှုန်းဖြင့် ဒုတိယ၊ မကွေးတိုင်း ၄၀ ဒသမ ၈၆ ရာနှုန်းဖြင့် တတိယ၊ ရန်ကုန်တိုင်း ၃၇ ဒသမ ၁၆ ရာနှုန်းဖြင့် စတုတ္ထ အသီးသီး ရရှိကြသည်။

ယမန်နှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မွန်ပြည်နယ်မှ ၁၈၁၇၀ ဦး ဝင်ရောက် ဖြေဆိုသည့်အနက် ရ၈၈၆ ဦး အောင်မြင်ခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၀ ဦး၊ ငါးဘာသာ ၆၀ ဦး၊ လေးဘာသာ ၂၂၄ ဦး၊ သုံးဘာသာ ၂၉၃ ဦး၊ နှစ်ဘာသာ ၄၀ဝ ဦး နှင့် တစ်ဘာသာ ၁၆၄၆ ဦး၊ အောင်ချက် ၄၃ ဒဿမ ၄၀ ရာခိုင်နှုန်းရှိခဲ့သည်။

မွန်ပြည်နယ်တွင် အထက်တန်း ၉၀ ကျောင်၊ အလယ်တန်း ၁၀၆ ကျောင်း၊ မူလတန်း ၁၂၃၉ ကျောင်း စုစုပေါင်း ၁၄၃၅ ကျောင်းရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

၁၀ တန်းအောင်စာရင်း တိုးဝှေ့ကြည့်နေပုံ(Internet)

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...