ကော့ဘိန်းရွာအနီးရှိ ကျိုက်ခဘင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ

ကော့ဘိန်းရွာအနီးရှိ ကျိုက်ခဘင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ
ပုံ-CJ (ပုံဟောင်း)
ပုံ-CJ (ပုံဟောင်း)

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပြီးနောက် မွန်းလွဲပိုင်းတွင် အနီးရှိ ကျိုက်ခဘင်ကျေးရွာတွင် လေကြောင်းတိုက်ခိုက် ခံခဲ့ရကြောင်း ဒေသခံများက IMNA သို့ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ကော့ဘိန်းရွာ ချောင်းဝဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားအဖွဲ့သားများ အမည်မသိ လက်နက်ကိုင်အဖွဲ့များထံ ပစ်ခတ်တိုက်ခိုက်ခံရပြီး မွန်းလွဲပိုင်း ၂ နာရီကျော်အချိန်ခန့်က တိုက်လေယာဉ်များဖြင့် ဗုံးသီးနှစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။

ဂျိုင်းမြစ်ဒေသတစ်လျှောက် ပျံဝဲဖြတ်သန်းလာသည့် တိုက်လေယာဉ်အသံကို အနီးကပ်ကြားရကြောင်း ကျိုက်ခဘင်ကျေးရွာအနီးရှိ ရာဘာခြံတစ်ဝိုက် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။

“လေယာဉ်က ဂျိုင်းမြစ်က ကျေးရွာတွေဘက်ကို ပျံသန်းလာတယ်။ မော်လမြိုင်ကနေ လာတာက ဖြစ်နိုင်ခြေ များတယ်။ ပျံသန်းလာပြီးတော့ ဖာသိမ်ဘက်ကို လှည့်သွားတယ်။ ၂ နာရီနဲ့ ၂၇ မိနစ်မှာ တစ်ကြိမ်၊ ၂ နာရီနဲ့ ၂၉ မိနစ်မှာ တစ်ကြိမ်၊ နှစ်လုံး ချလိုက်တယ်။ အသံကတော့ တအားမြည်းတယ်။ အထိအခိုက်တော့ ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ကော့ဘိန်းကျေးရွာ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် တော်လှန်ရေးအဖွဲ့တို့ ဆုတ်ခွာရာလမ်းကြောင်းကို ယခုလို လေယာဉ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း ကော့ကရိတ် ဒေသခံတစ်ဦး သုံးသပ်သည်။

“မနက်က ကော့ဘိန်းမှာ သွားပစ်တာက စောအယ်ဝါးတို့အဖွဲ့လို့ သိရတယ်။ အဲကြောင့် သူတို့အဖွဲ့ ဆုတ်ခွာတဲ့လမ်းကို အခုလို လာပစ်တာ ဖြစ်နိုင်တယ်။ အဲဒီဖာသိမ်ရွာသစ်ကုန်းဒေသမှာလည်း စောအယ်ဝါးတို့ပဲ လှုပ်ရှားနေတယ်လေ” ဟု သူက ပြောသည်။

အဆိုပါ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စစ်တပ်၏ ရက် ၁၀၀ စီမံကိန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် ခြိမ်းခြောက်သည့် စစ်ဆင်ရေးပုံစံဖြင့်လည့်ကောင်း၊ လက်လွှတ်ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်ရရှိရန်လည်းကောင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေသည်။

ပုံ-CJ (ပုံဟောင်း)

June 13, 2026
စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏...
June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
June 10, 2026
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ်...