ကိုးကန့်တပ် ပြောရေးဆိုခွင့်ရှိသူကို သတင်းမီဒီယာများအား မမှန်သတင်းပေးမှုဖြင့် ဖမ်းဝရမ်းထုတ်ဟုဆို

ကိုးကန့်တပ် ပြောရေးဆိုခွင့်ရှိသူကို သတင်းမီဒီယာများအား မမှန်သတင်းပေးမှုဖြင့် ဖမ်းဝရမ်းထုတ်ဟုဆို
by -
မဇ္ဈိမ
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကို ပြည်တွင်း၊ ပြည်ပ မီဒီယာများအား သတင်းမမှန်မကန် သတင်းပေးမှုဖြင့် တပ်မတော် ခုံရုံးက အရေးပေါ်စီမံမှု ဥပဒေဖြင့် လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့က တရားလိုပြု အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်လိုက်သည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

“၄ ရက်နေ့က လောက်ကိုင် တရားရုံးကနေ တရားစွဲတယ်လို့ ပြောတယ်။ ဖမ်းဝရမ်းတော့ မဟုတ်ဘူး။ မနေ့က ထုတ်ထားတာ ရှိတယ်။ တရားလိုက ရဲပဲ ဖြစ်မှာပေါ့။ တပ်မတော်ကနေ  ပြည်ထဲရေးကို ညွန်ကြားတယ် ပြောတယ်။ ကျွန်တော်ပြောတဲ့သတင်းက မမှန်မကန်ဖြစ်ပြီးတော့ ရှေ့တန်းက ရဲဘော်တွေကို စိတ်ဓါတ်တွေ ကျစေတယ်တဲ့။ ကျွန်တော့်ကို အဲဒီလို စွပ်စွဲပါတယ်။ ဖမ်းဝရမ်းထုတ်တာက ဒီမနက်မှ ကြားတာ”

၎င်းအား ဖမ်းဝရမ်းထုတ်မှုအပေါ် မြန်မာအစိုးရ သွားနေသော ဒီမိုကရေစီအား သံသယရှိနေပြီး အာဏာကို အလွဲသုံးစာလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ဦးထွန်းမြတ်လင်းကို တရားစွဲဆိုရာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းစောင့်ရှောက်နေသော တပ်မတော်၏ လုပ်ငန်းကိစ္စရပ်များ အောင်မြင်ရေး နှောင့်နှေးစေရန်နှင့် ပျက်ပြားစေရန် ကြံရွယ်ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများအား မဟုတ်မမှန် သတင်းစကားများ ပေးပို့နေသော MNDAA  အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းလွင်(ခ) ဦးထွန်းမြတ်လင်း(ခ)ဖုန်အားတီ(ခ)တုန်ခယ်ချန်ကို အရေးပေါ်စီမံမှု အက်ဥပဒေ ၅(က)၊၅(ခ)/ကျင့် ၅၁၂အရ တရားခံပြေးအဖြစ် ကြေညာခြင် ဖြစ်ကြောင်း ဒေသ သတင်းဌာနတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်မှစတင်၍ လောက်ကိုင်ဒေသ တိုက်ပွဲကြောင့် စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပြီးနောက် ဖုန်ကြားရှင်၏ သမက် ဦးထွန်းမြတ်လင်းအား ဖမ်းဝရမ်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဧပြီလ ၈ရက် နံနက် ၅ နာရီမှစတင်၍ ကိုးကန့်ဒေသ ကုန်းကြမ်းဒေသ ခုတ်ထန် ပတ်ဝန်းကျင်တွင် အစိုးရ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုများ ရှိသလို၊ ၉ ရက်နေ့အထိ မြေပြင်တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

ကိုးကန့်ဒေသတွင် ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နှင့် အစိုးရ စစ်တပ်တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...