မနက်ဖြန် ဧပြီလ ၂၂ ရက်နောက်ဆုံုးထားဆုုတ်ခွာပေးရန် လားရှိူးမြို့အခြေစုုိက် အရှေ့မြောက်ပုုိင်းစစ်ဌာနချုပ် (ရမခ)သုုိ့ လားရှိူးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံုး တာဝန်ခံ ဗုုိလ်မှူးအောင်လတ်အား ခေါ်ယူ၍ ဆုုတ်ပေးရန် ပြောဆုုိမှုအပေါ် ပြောဆုုိလုုိက်ခြင်း ဖြစ်သည်။
“၂၂ ရက်နေ့ နောက်ဆုံုး ဆုုတ်ပေးဖုုိ့ ပြောတယ်။ ဆုုတ်ပေးဖိုု့ မဖြစ်နုုိင်ဘူး။ သူတုုိ့က သက်သက်မဲ့ ရန်ရှာတာဘဲ၊ လွန်ခဲ့တဲ့ နှစ်ကလည်း ပြောတယ်။ ငြိမ်းချမ်းရေးစကားပြောမယ့်အစား အဲဒီလုုိလာပြောတော့ သက်သက်မယ့် ရန်ရှာတာဘဲ။ ဆုုတ်ခွာပေးဖုုိ့ မဖြစ်နုုိင်ဘူး”ဟုု SSPP/SSA ၏ ဗဟုုိအလုုပ်အမှုဆောင်ကော်မတီဝင် ဗုုိလ်မှူးကြီး ပိန်ဖက မဇ္စျိမကုုိ ပြောသည်။
လားရှိူးမြို့ SSPP/SSA ဆက်ဆံရေးရုံုး တာဝန်ခံ ဗုုိလ်မှူး အောင်လတ်နှင့် ရမခ တုုိ့အကြား ညှိနှိုင်းမှုများ ပြုလုုပ်နေဆဲ ဖြစ်သည်ဟုု သူက ပြောသည်။
လက်ရှိ SSPP/SSA တပ်များကုုိ ဆုတ်ခုုိင်းသော နေရာသည် သံလွင်မြစ်၏ အနောက်ဘက်ခြမ်းတွင် ရှိပြီး သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြောက်ဘက်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်များအခြေစုုိက်နေခြင်း ဖြစ်သည်ဟုု သိရသည်။
ဧပြီလဆန်းပုုိင်းက ရှမ်းပြည်နယ်တောင်ပုုိင်း ကျေးသီမြို့နယ် ဝမ်ဟုုိင်းဌာနချုပ်အနီး မုုိင်းရှူး၊ မုုိင်းနောင်မြို့နယ်အတွင်းသုုိ့ မြန်မာ့တပ်မတော်ဘက်မှ စစ်အင်အားအပြည့်တင်လာသော စစ်ကား အစီးပေါင်း ၈၀ ကျော် တုုိးချဲ့ ပုုိ့ဆောင်လာသဖြင့် SSPP/SSA တပ်နှင့် တုုိက်ပွဲ ဖြစ်ပွားမည်ကုုိ ဒေသခံများက စုုိးရိမ်ခဲ့ရသည်။
သုုိ့သော် ယခုုထိ တုုိက်ပွဲ ဖြစ်ပွားခြင်း မရှိသေးဘဲ တန့်ယန်းမြို့နယ်အတွင်းရှိ SSPP/SSA တပ်များကုုိ ဆုုတ်ခွာပေးရန် ဖိအားပေး ပြောဆုုိလာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ် ၂၆ ရက်မှ ၂၈ ရက်များတွင် SSPP,UWSA , NDAA,KIA,MNDAA,TNLA,AA အဖွဲ့အစည်း ရ ဖွဲ့က ဝ ထိန်းချုပ်နယ်မြေ ပန်ဆန်းတွင် အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်မှ ရှမ်းပြည်မြောက်ပုုိင်း ထုုိးစစ်ဆင်မှုများ ရပ်တန့်ရန်နှင့် တုုိင်းရင်းသား အဖွဲ့အစည်း အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားရန် ဆက်လက် ဆောင်ရွက်နေပါက တုုိင်းရင်းသား လက်နက်ကုုိင် တေ်ာလန်ရေးအဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း သဘောတူခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် အောက်တုုိဘာလက တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း(NCA) လက်မှတ်မရေးထုုိးခဲ့သဖြင့် ယခင်အစုုိးရစစ်တပ်မှ ထုုိးစစ်ဆင်မှုကြောင့် SSPP ဝမ်ဟုုိင်းဌာနချုပ်အနီးရှိ တာဆမ်ပူး ကူတုုိ့ဆိပ်တပ်စခန်းအား ဆုုတ်ပေးလုုိက်ရသေးသည်။
၂၀၁၂ ခုုနှစ်က သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်သော အစုုိးရနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထုုိးခဲ့ပြီးနောက် SSPP/SSA ဘက်မှ တပ်စခန်း ၁၀ ခုုခန့် ဆုုတ်ပေးလုုိက်ရသည်ဟုု သိရသည်။







