ရခိုင်ပြည်နယ်အတွင်းစက်လှေမှောက်မှု စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်းစက်လှေမှောက်မှု စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်ထုတ်ပြန်
by -
မဇ္စျိမ
ဓာတ်ပုံ-ကျော်မင်း(စစ်တွေ)
ဓာတ်ပုံ-ကျော်မင်း(စစ်တွေ)
ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်​မကင်​းဖြစ်​​ကြောင်​း အမေရိကန်သံရုံးက ဧပြီ ၂၀ရက်​​နေ့ ည​နေပိုင်​းတွင်​ အ​မေရိကန်​သံရုံးက ထုတ်​ပြန်​လိုက်​​သည်​။

 အဆိုပါ ထုတ်​ပြန်​ချက်​တွင်​ ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ်၊ သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး လူအများအပြား​သေဆုံးခဲ့ရမှုနှင့်​ပတ်​သက်​၍ လည်​း စိတ်မကောင်းဖြစ်ရ​ကြောင်​း ​ဖော်​ပြထားသည်​။

ယင်​းထုတ်​ပြန်​ချက်​တွင်​ "ဒေသခံသတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများ ကိုယ်စားမိမိတို့ ပြောကြားလိုပါသည်" ဟု ထည့်​သွင်​း​ရေးသားထားသည်​။

 ရခိုင်ပြည်နယ်အတွင်း စျေးများသို့သွားရောက်ခြင်း၊ နိစ္စဓူဝဘဝ နှင့် အခြေခံကျသောဆောင်ရွက်မှုများကို ကန့်သတ်ထားခြင်းသည် လူမှုအသိုက်အဝန်းများအတွင်း လူနေမှုဘဝ အရည်အသွေးများတိုးတက်မြင့်မားရေးအတွက် ရုန်းကန်လှုပ်ရှားရာတွင် မလိုလားအပ်သော အန္ထရာယ်များ ဖြစ်စေသည်​ဟု သံရုံးထုတ်​ပြန်​ချက်​ကဆိုသည်​။

 ထို့ပြင် မြန်မာ့တပ်မတော်တပ်ဖွဲ့များနှင့် ရက္ခိုင်တပ်မတော်အကြား မြင့်တက်လာနေသော တိုက်ပွဲများကြောင့် အရပ်သားများ မတရားသဖြင့်ပြုကျင့်ခံရပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရသည်ဟူသော စွပ်စွဲတင်ပြချက်များနှင့် ပတ်သက်၍လည်း မိမိတို့စိုးရိမ်မကင်း ဖြစ်​ရ​ကြောင်​း လည်​း သိရသည်​။

 ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအားလုံးအတွက် အခြေအနေအရပ်ရပ် တိုးတက် ကောင်းမွန်စေရန်နှင့် အချင်းချင်း ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအေးချမ်းရေးတို့ တိုးမြှင့်ရန်အတွက် ် မြန်မာအစိုးရ၊ နိုင်ငံတကာအသိုက်အဝန်း၊ မြန်မာနိုင်ငံသားများနှင့်အတူ မိမိတို့ အနီးကပ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်​ကြောင်​း အ​မေရိကန်​ သံရုံးက ထုတ်​ပြန်​​ကြေညာခဲ့ခြင်​းဖြစ်​သည်​။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...