ပြီးခဲ့သည့် ၂၀၁၃ ခုုနှစ်မှစတင်၍ PSLF/TNLA နယ်မြေအတွင်း လှုပ်ရှားလာခဲ့သော မြန်မာတပ်မတော်၏ တပ်မ ၆၆၊ ရ၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ အစုုိးရ သစ်လက်ထက် သင်္ကြန်ကာလအတွင်း နောက်တန်းသုုိ့ ပြန်လည် ဆုုတ်ခွာသွားမှုအပေါ် PSLF မှ နုုိင်ငံခြားရေးဌာနတာဝန်ခံ ဗုုိလ်မှူး တာပန်လက ပြောသည်။
“၂၀၁၃ ခုုနှစ်ကတည်းကရောက်နေတဲ့ တပ်မ တချို့တပ်တွေ သင်္ကြန်မတုုိင်ခင်နဲ့ သင်္ကြန်ကာလ အတွင်းမှာ သူတိုု့ပြန်ရုုပ်သိမ်းသွား တယ်။ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဒါဟာ အပြု သဘောဆောင်တယ်။ ကျနော်တိုု့ဘက်ကတော့ ကြိုဆုုိတယ်။ အဲဒီအပြင် ကျန်ရှိနေသေးတဲ့ တပ်မ ၃၃နဲ့ ကျနော်တိုု့ဘက် ရောက်ရှိနေတဲ့ RCSS ဘက်က ပြန်ရုုပ်သိမ်းသွားမယ်ဆုုိရင်တော့ ဒါရှေ့ဆက်သွားမယ့် ဖြစ်စဉ်တွေမှာတော်တော်လေး အထောက်အကူပြုတာပေါ့”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
သုုိ့သော် မြန်မာ့တပ်မတော်၏ တပ်မ ၃၃ တစ်ခုု ကျန်ရှိနေသေးသလုုိ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) တပ်အင်အား ၂၀၀၀ ကျော် ပြန်လည် ဆုုတ်ခွာသွားခြင်း မရှိသေးသဖြင့် ၄င်းတပ်များကုုိလည်း ဆုုတ်ခွာပေးရန် တောင်းဆုုိလုုိက်သည်။
မြန်မာနုုိင်ငံ အပြောင်းအလဲကာအတွင်းTNLA အနေဖြင့် တတ်နုုိင်သမျှ အထောက်အကူပြုစေရန် မြန်မာတပ်မတော်နှင့် တုုိက်ပွဲမဖြစ်ပွားစေရန်နှင့် လက်ဖက်ခူးချိန်(ရွှေဖီချိန်) ကာလအတွင်း တုုိက်ပွဲများ မဖြစ်စေရန် ရှောင်ရှားသည့်အနေဖြင့် လုုပ်ဆောင်နေရသည်ဟုု ဗုုိလ်မှူး တာပန်လက ပြောသည်။
အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော အစုုိးရသစ်လက်ထက် တအာင်းဒေသအတွင်း နှစ်နှင့််ချီကြာ ဝင်နေသော မြန်မာ့တပ်မတော် တပ်မ ၄ ခုု နှင့် စကခ တပ်ရင်းအချို့ နောက်တတန်းဌာနချုပ်စခန်းများဆီသုုိ့ ပြန်သွားကြသည်မှာ တအာင်း မိဘပြည်သူများအပေါ် ဝန်ထုုတ်ဝန်ပုုိးများ လျော့ကျစေပြီး ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်အဖြစ် ကြိုဆုုိလုုိက်ကြောင်း PSLF က ဧပြီလ ၁၀ ရက်က ထုုတ်ပြန်လုုိက်သော နှစ်သစ်မင်္ဂလာသဝဏ်လွာတွင် ဖော်ပြထားသည်။
တအာင်းဒေသမှ မြန်မာ့တပ်မတော်က နောက်တန်းသုုိ့ ဆုုတ်ခွာခဲ့သည်ဟုုဆုုိသော်လည်း လက်ရှိ မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပုုိင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ရခုုိင်ပြည်နယ်အတွင်းရှိ ရက္ခိုင်တပ်မတော်(AA)တုုိ့အကြား တုုိက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
ယခင်အစုုိးရလက်ထက် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) အတွက် PSLFက တွေ့ဆုံုဆွေးနွေးမှုတွင် ပါဝင်ခဲ့သော်လည်း ယင်းတုုိ့ တပ်အား ယခင်အစုုိးရမှ လက််ခံနုုိင်ခြင်း မရှိခဲ့သဖြင့် လက်မှတ်ရေးထုုိးနုုိင်ခြင်း မရှိခဲ့ပေ။







