ကုုိဇော်လင််းနှင့် ဝင်းဇော်ထွန်းတုုိ့အား သေဒဏ်ချမှတ်မှုအပေါ် အယူခံ ဝင်ရန်အတွက် သုံုးလကြာ အချိန်ယူ၍ ပြင်ဆင်ထားသော အယူခံကုုိ လာမည့် ဧပြီလ ၂၂ ရက်မတုုိင်မီ ဘန်ကောက်မြို့ရှိ အယူခံ တရားရုံုးသုုိ့ တင်သွင်းသွားမည် ဖြစ်ကြောင်း မြန်မာသံရုံုး အထူးစုံုစမ်းရေးကော်မတီမှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
“အခုုတော့ အဆင်သင့်ဖြစ်နေပါပြီ။ ၂၂ ရက်နေ့ နောက်ဆုံုးထားပြီးတော့ အယူခံတင်ရမယ်လုုိ့ ပြောပါတယ်။ အခုု လောလော ဆယ်တော့ မြန်မာပြည် ဥပဒေအရာရှိတွေရဲ့ အကြံပေးစာကုုိလည်း အန်ကယ်တုုိ့ သံရုံုးကနေ ရှေ့နေများ ကောင်စီ ရုံုးကုုိ ပုုိ့လုုိက်ပါပြီ။ အင်္ဂလိပ်လုုိရေးပြီးတော့ အယူခံ အကြံပေးချက်ပေါ့၊ ပု့ုိပြီးပါပြီ”ဟုု ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္စျိမကုုိ ပြောသည်။
မြန်မာလုုပ်သား ကုုိဇော်လင်းနှင့် ဝင်းဇော်ထွန်းတုုိ့ အပြစ်မရှိကြောင်း ရုံုးတော်သုုိ့ တင်ပြထားသဖြင့် တရား ဥပဒေအတုုိင်း ဆောင်ရွက်မည်ဆုုိပါက အဆင်ပြေသွားမည် ဖြစ်ကြောင်း သူက ပြောသည်။
အယူခံ တင်ပြပြီးနောက် တရားရုံုးမှ ပြန်လည် သုံုးသပ် စစ်ဆေး၍ လုုိအပ်ပါက တရားခံပြနှင့် တရားလုုိပြသက်သေများအား ပြန်လည် စစ်ဆေးမည် ဆုုိပါက အချိန် ၆ လ ကြာမည် ဖြစ်ကြောင်း သူက ပြောသည်။
အမိန့်ချမှတ်ခဲ့ပြီးနောက် အမှု အယူခံ လျှောက်ထားရန်အတွက် ရက်တုုိးပေးရန် တတိယမြောက် တင်ပြချက်ကုုိ မတ် ၂၃ ရက်က တရားရုံုးသုုိ့ တင်ပြခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုုနှစ် စက်တင်ဘာလက ဗြိတိန်နုုိင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတုုိ့ လိပ်ကျွန်းတွင် အသတ်ခံရမှုတွင် မြန်မာရွှေ့ပြောင်းအလုုပ်သမား ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတုုိ့ကုုိ ထိုုင်းရဲတပ်ဖွဲ့က တရားလိုု ပြုလုုပ်၍ တရားစွဲဆုုိခဲ့ရာ ၂၀၁၅ ခုုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ကုုိဇော်လင်းနှင့် ဝင်းဇော်ထွန်းတုုိ့သည် ဘန်းကောက်မြို့အနီးရှိ ဘန်ခွမ် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်နေသည်ဟုု သိရသည်။







