လွှတ်တော်အသီးသီး အစည်းအဝေးများရပ်နား မေ ၂ ရက်တွင် ပြည်သူ ့လွှတ်တော် ပြန်စမည်

လွှတ်တော်အသီးသီး အစည်းအဝေးများရပ်နား မေ ၂ ရက်တွင် ပြည်သူ ့လွှတ်တော် ပြန်စမည်
by -
မဇ္စျိမ
ဒုတိယအကြိမ် ပြည်သူ ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ဧပြီလ ၆ ရက်က စတင်ရပ်နားကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ကြေညာခဲ့သည်။

အစိုးရသစ်လက်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစု တက်ရောက်ခွင့်ရရှိထားသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ ့တွင်လည်းကောင်း အမျိုးသားလွှတ်တော် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၃  ရက်တွင်လည်းကောင်း စတင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ ့လွှတ်တော် အစည်းအဝေးများကို မေလ ၂ ရက်နေ ့တွင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များသို ့အသိပေးထားပြီးဖြစ်သော်လည်း အမျိုးသားလွှတ်တော်အစည်းအဝေး   ပြန်လည် စတင်မည့်နေ ့ကိုမူ ကြေညာခြင်းမရှိခဲ့ကာ အစည်းအဝေး ပြန်လည်စတင်မည့်ရက်ကို ကြိုတင်အကြောင်းကြားပေးမည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

လွှတ်တော်အသီသီး၏ အစည်းအဝေးများကို မြန်မာရိုးရာသင်္ကြန်ရုံးပိတ်ရက် နှင့်အတူ ခေတ္တရပ်နားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၁၈ ရက်ကြာကျင်းပခဲ့ကာ ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းအတည်ပြုခြင်း နှင့် လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲမှုမရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံခန့်အပ်မည့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အတည်ပြုပေးခဲ့သည်။

ပြည်သူ ့လွှတ်တော်အစည်းအဝေးကို ၁၈ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးကို ၁၆ ရက်ကြာ ကျင်းနိုင်ခဲ့ပြီး လွှတ်တော်များ၏ သက်ဆိုင်ရာ ကော်မတီ ၊ ကော်မရှင်များကို ဖွဲ  ့စည်းပေးခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...