Published
Thursday, April 07, 2016
SNLDပါတီ ဥက္ကဋ္ဌအဖြစ် ဦးခွန်ထွန်းဦး ထပ်မံရွေးချယ်တင်မြောက်ခံရ
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ၏ ညီလာခံအပြီးတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးခွန်ဦးကို ထပ်မံရွေးချယ်တင်မြောက်လိုက်ကြောင်း ပါတီဝင်တစ်ဦးဖြစ်သူ ဦးစိုင်းထွန်းအောင်က မဇ္ဈိမကိုပြောသည်။
အဆိုပါညီလာခံကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မွေတော်ကျေးရွာတွင် ဧပြီ ၃ရက်မှ ၅ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည်။
“ပါတီဥက္ကဋ္ဌရွေးတဲ့နေရာမှာ ဒီမိုကရေစီနည်းလမ်းကျကျ မဲစနစ်နဲ့ ရွေးချယ်ပြီး မဲရလဒ်အတိုင်း ရွေးချယ်တင်မြောက်ခဲ့တာပါ” ဟု ဦးစိုင်းထွန်းအောင်ကဆိုသည်။
ညီလာခံ နောက်ဆုံးနေ့ ဧပြီ ၅ရက်တွင် ပါတီခေါင်းဆောင်ကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ရာ ယခင်ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးပင် ပြန်လည် အရွေးခံရသည်။







