တရားစွဲခံထားရသည့် PJS အဖွဲ့ဝင်များ ရုံးချိန်းလာရန်ခက်ခဲနေ

တရားစွဲခံထားရသည့် PJS အဖွဲ့ဝင်များ ရုံးချိန်းလာရန်ခက်ခဲနေ
by -
မဇ္စျိမ
တရားစွဲခံထားရသည့်လူထု အခြေပြုမူးယစ်ဆေးဝါ တိုက်ဖျက်ရေး(PJS )အဖွဲ့ဝင် ၁၄ ဦးတုုိ့သည်  ကျေးရွာမှ မုုိင်ပေါင်း ၂၆ ကျော် အကွာအဝေးရှိ မြစ်ကြီးနားမြို့ တရားရုံုးသုုိ့ အမှု စစ်ဆေးခြင်းမရှိဘဲ ၁၀လကျော်သည်အထိ  ရုံးချိန်းအပတ်စဉ်သွား နေရသည့်အတွက် ငွေကြေးကုန်သည့်အပြင်သွားလာရေး ခက်ခဲနေကြောင်း တရားစွဲခံနေရသူ ဦးဇော်ယော် ကပြောသည်။

တရားစွဲခံထားရသူများသည် မြစ်ကြီးနားမြို့နှင့် ၂၆ မိုင်ကွာဝေးသည့် အာလမ်၊ ဒွမ်ဂန်၊ လုံုဂါဇွပ်နှင့် ကျိန်ခရန် ကျေးရွာများမှဖြစ်ပြီး တရားရုံုးတက်ရန်အတွက် ရက်သတ္တပတ်လျှင် လမ်းစရိတ်နှင့် စားစရိတ်သည် အနည်းဆုံုး ကျပ် ၃၀၀၀၀ မှ ကျပ် ၄၀၀၀၀ အထိ ကုုန်ကျကြောင်း ၎င်းက ပြောသည်။

“ကျေးရွာမှာက စီးပွားရေးလည်း ခက်ခဲတယ်။ သူတုုိ့ အမှုလုုပ်တာ အမှုအကျိုးဆောင် ရှေ့နေတွေတောင် နားမလည်တော့ဘူး။ အစက ကျွန်တော် နဲ့ ဆရာမုုန်ဂျစ်ကုုိဘဲ အမှုစွဲတာ အခုုက လူငယ်တွေလည်း ပါလာတယ်။ ကျွန်တော်တိုု့က ဘာသာရေးမှာ လုုပ်နေတာဆုုိတော့ တခြားသွားစရာမလုုိဘူး။ လူငယ်တွေက ဘယ်ကုုိမှ သွားလုုိ့လည်း မရတော့ဘူး။ အကျယ်ချုပ်ခံနေရသလုုိ ဖြစ်သွားတယ်”ဟုု ဦးဇော်ယော်က မဇ္စျိမကုုိ ပြောသည်။

မတ် ၄ ရက် ရုံုးချိန်းတွင်လည်း အမှုစစ်ဆေးခြင်း မရှိဘဲ လာမည့် ဧပြီ ၂၇ ရက်တွင် ရုံုးချိန်းပေးလုုိက်သည်ဟုု သူက ပြောသည်။

“တရားလုုိတွေကုုိ ပြန်စစ်ဖုုိ့ ခေါ်ထားတာ။ ၂ ခါ၊ ၃ ခါ တရားရုံုးကုုိ မလာဘူး။ မနေ့ကလည်း ခွင့်တောင်းထားတယ်လုုိ့ပဲ ပြောတယ်။ အခုုဖြစ်နေတာက အစုုိးရ ရဲတပ်ဖွဲ့နဲ့ ရွာလူကြီးတွေ၊ အစုုိးရပုုိင်းဆုုိင်ရာတွေ ဖြစ်စေချင်တဲ့ အစီအစဉ်မှာ ဝင်သွားတာပဲ”ဟုု သူက ဆက်လက် ပြောဆုုိသည်။

ယခုုကဲ့သုုိ့ အမှုကြန့်ကြာရခြင်းသည် လူထုုအခြေပြု ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးလုုပ်ငန်းနှင့် ပတ်သက်၍ အစုုိးရဘက်မှ ဟန့်တားမှုများ ရှိနေခြင်း ဖြစ်သည်ဟုု အမည်မဖော်လုုိသူ ကချင်ဘာသာရေးဆရာတစ်ဦးက ပြောသည်။

“ဘာကြောင့် ဒီလောက်ကြာလဲဆုုိတော့ အခုုကျွန်တော်တိုု့ စုံုစမ်းထားသလောက် ရဲတပ်ဖွဲ့တွေဘက်က ညစ်ပတ်ထား တယ်လုုိ့ နားလည်ထားတယ်။ ညစ်ပတ်ထားတယ်ဆုုိတာက ကျွန်တော်တုုိ့ မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးလုုပ်ငန်းမှာ အနှောက်အယှက်ပေးနေတာဘဲ”ဟုု ၎င်းက မဇ္စျိမကုုိ ပြောသည်။

၂၀၁၅ ခုုနှစ် မတ်လ ၈ ရက်က အာလမ်ကျေးရွာအုုပ်စုုမှ လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့အား ဆဒုံုးဘက်မှ ဘိန်းရောင်းဝယ်သူများ ရောက်ရှိလာသည်ဟုု သတင်းရရှိသဖြင့် အာလမ်ကျေးရွာရှိ ကက်သလစ်ဘုုရားရှေ့တွင် စောင့်ကြည့် နေချိန်တွင် အူဗစ် ရွာက ဦးဆောလောယ ဆိုင်ကယ်ကို မူးယစ်ဆေးဝါးရှိသည်ဟု ယူဆပြီ လိုက်ဖမ်းရာ ဒဏ်ရာရခဲ့ သည့်အတွက် ကာယကံရှင်က တရားရုံးသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ယော က ပြောသည်။

အမှုရင်ဆုုိင်နေရသော်လည်း မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးလုုပ်ငန်းများ ဆက်လက်လုုပ်ဆောင်နေသဖြင့် ၄င်းတိုု့၏ အာလမ်၊ ဒွမ်ဂန်၊ အူဗစ်၊ ကျိန်ကရန်၊ လုုန်ဂါဇွပ်ကျေးရွာများအတွင်း မူးယစ်ဆေးဝါး သုံုးစွဲသူများနှင့် ရောင်းဝယ်သူများ အနည်းငယ် လျော့နည်းလာပြီ ဖြစ်ကြောင်း ဦးဇော်ယောက ပြောသည်။

တရားလုုိနှင့် တရားလုုိပြ သက်သေများလည်း တရားရုံုးသုုိ့ လာရောက်ရန် ဆင့်ခေါ်ထားသော်လည်း ၂ လကြာသည်အထိ ရောက်လာခြင်း မရှိသေးသလုုိ၊ တရားရုံုးမှ အမှုအား အမြန်စစ်ဆေးခြင်း မရှိခြင်းကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟုု တရားစွဲခံထားရသူများအား အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“တရားရုံုးရောက်တော့ အမှုလည်း မစစ်ဆေးပဲ ပြန်ပြန်သွားတာ အချိန် အရမ်းကြာနေပြီ။ ရုံုးချိန်းဘဲ ပေးလုုိက်တယ်။ သူ့ကုုိ (ဦးဆောလောယ)ကုုိ မူးယစ်ဆေးဝါး တုုိက်ဖျက်ရေး အဖွဲ့တွေက ဖမ်းပြီး ရုုိက်နက်တယ်ဆုုိပြီး တရားရုံုးကုုိ တုုိင်ထားတာ”သူက မဇ္စျိမကုုိ ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...