နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့သစ်အား ဂုဏ်ပြုပွဲ သံတွဲတွင် ပြုလုပ်

နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့သစ်အား ဂုဏ်ပြုပွဲ သံတွဲတွင် ပြုလုပ်
by -
မဇ္စျိမ
နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရအဖွဲ့သစ်အား ဂုဏ်ပြုပွဲ ဧပြီလ ၁ ရက်နေ့က သံတွဲမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားကို သံတွဲမြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ သံတွဲမြို့ အမှတ် (၂) ရပ်ကွက်၊ သြဘာလမ်းတွင် တည်ရှိသော အဖွဲ့ချုပ် မြို့နယ်ရုံးတွင် နံနက် ၉ နာရီ အချိန်မှ စတင်ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သံတွဲမြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးယာဉ်ဝင်းမှ  အဖွင့်အမှာစကား  ပြောကြားသည်။

သူက “ ဒီဂုဏ်ပြုပွဲဟာ  နိုင်ငံတော် သမ္မတသစ်နဲ့ အစိုးရသစ် အပါအဝင်  ပြည်နယ်အစိုးရ ဝန်ကြီးချုပ်သစ်တွေ၊  ကိုယ်စားပြု လွှတ်တော်နဲ့ အစိုးရသစ် ခေါင်းဆောင်များ အားလုံးကိုရည်မှန်းပြီး ဂုဏ်ပြုတာဖြစ်ပါတယ်။ ကျွန်တော် တို့တွေဟာ  အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ ရှင်သန်ထမြောက်ရေး အတွက်  စွန့်လွှတ် အနစ်နာခံပြီး ရုန်းကန်ခဲ့ကြပါတယ်။ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ခဲ့ကြတာ မဟုတ်ပါ။ တိုင်းပြည်နဲ့ နိုင်ငံသူ နိုင်ငံသားများအရေးကို  ရည်မျှော်ပြီး ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အနေနဲ့ ဒီမိုကရေစီ အရေးအတွက် အနစ်နာခံ ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေ၊ အနစ်နာခံ ပေးဆပ်ခဲ့ကြတဲ့ သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီအခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

Thandwe NLD photo by NN

၎င်းပြင်သူက “  ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဗဟိုခေါင်းဆောင်တွေ၊  ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင်တွေဟာ အဖွဲ့ချုပ်ရဲ့ မူဝါဒသဘော တရားအရ  အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အထွေထွေ သဟဇာတဖြစ်ရေးဆိုတဲ့မူကို စွဲကိုင်ပြီးကြိုးပမ်းခဲ့ကြတဲ့ အတွက် ခုလို အောင်ပွဲရခဲ့တာပါ” ဟု ပြောဆိုသည်။

ထို့နောက် အငြိမ်းစားပညာရေးမှူး ဦးဇံပု၊ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးစိန်ထွန်းဦး၊ သံတွဲမြို့နယ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းကြိုင် တို့မှလည်းကောင်း ဂုဏ်ပြုစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ လူပေါင်း ၃၀၀ခန့် တက်ရောက်ခဲ့ပြီး  ထမင်းဖြင့်ဧည့်ခံကျွေးမွေးကာ အခမ်းအနားကို နေ့လယ် ၁၂ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်ဟု သိရသည်။

လာမည့် ဧပြီ ၆ ရက်နေ့တွင်လည်း သံတွဲမြို့ ဒိုးတောင်ကွင်း၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးညီပုအား ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားတစ်ခုကို ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...