နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း အမျိုးသားလွှတ်တော်တွင် အတည်ပြု

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း အမျိုးသားလွှတ်တော်တွင် အတည်ပြု
by -
မဇ္စျိမ
ဧပြီလ ၁ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင်တွေ့ရသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ဧပြီလ ၁ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင်တွေ့ရသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံအဖြစ် ခန့်အပ်မည့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" အား ဧပြီလ ၁ရက်နေ့၊ အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် အတည်ပြုလိုက်သည်။

အဆိုပါ "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" အား မတ်လ ၃၁ရက်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်ကြည်ညွှန့်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်(၁)ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃)ဦးတို့က ဆွေးနွေးရာတွင် ထောက်ပြဆွေးနွေးမှုများ၊ ကန့်ကွက်မှုများရှိခြင်းကြောင့် မဲခွဲဆုံးဖြတ်ကာ ဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

မဲခွဲဆုံးဖြတ်ချက်အရ ဥပဒေကြမ်းအား ထောက်ခံသူ ၁၃၇မဲ၊ ကန့်ကွက်သူ ရ၀ မဲနှင့် ကြားနေသူ ၂မဲအဖြစ် မဲရလဒ်ရရှိသဖြင့် ထောက်ခံမဲများသောကြောင့် ဥပဒေကြမ်းအား အတည်ပြုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေငြာခဲ့သည်။

အတည်ပြုလိုက်သည့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" သည် NLDအမတ် အများစုနေရာရထားသော ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ပထမဆုံးလွှတ်တော်သို့ တင်သွင်းလိုက်သည့် ဥပဒေကြမ်းလည်း ဖြစ်သည်။

"ဒီဥပဒေကြမ်း၏ အခန်း(၃) ပုဒ်မ(၄)တွင် လူပုဂ္ဂိုလ်အမည်ဖြင့် ဖော်ပြ၍ ပြဌာန်းထားရာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် သီးသန့်ပြဌာန်းထားတဲ့သဘော သက်ရောက်နေပြီး ဥပဒေပြုရေးအခွင့်အာဏာအသုံးပြုတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြဌာန်းရမယ့်အစား နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေများကိုသာ ဦးစားပေးပြဌာန်းရမှာဖြစ်ကြောင်း တင်ပြလိုပါတယ်" ဟု တပ်မတော်သားအမတ် ဗိုလ်မှူးကြီး လှဝင်းအောင်က ဆွေးနွေးသည်။

အဆိုပါ ဥပဒေကြမ်း၏ အခန်း(၃)၊ ပုဒ်မ(၄)တွင်မူ "၂၀၁၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အးကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်" ဟု ရေးဆွဲထားသည်။

အဆိုပါ တာဝန်ပေးအပ်သည်ဟူသည့် စကားရပ်မှာလည်း အမိန့်ထုတ်ပြန်သည့် သဘော သက်ရောက်နေကြောင်း ဗိုလ်မှူးကြီး မြင့်ဆွေက ကန့်ကွက်ဆွေးနွေးသည်။

"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ဥပဒေကြောင်းအချင်းအရာအရ တည်ဆဲနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များကို ကျော်လွန်အဓိပ္ပာယ်သက်ရောက်နေသဖြင့် လည်းကောင်း၊ အကြောင်းချင်းရာအားဖြင့်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို ဆန့်ကျင်နေကြောင်း တွေ့ရှိရပါသည်" ဟုလည်း ဗိုလ်မှူးကြီးမြင့်ဆွေက လွှတ်တော်တွင် ပြောသည်။

ဥပဒေကြမ်း၏ ရည်ရွယ်ချက်များမှာ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ စျေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဖြစ်ကြောင်း ရေးဆွဲထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်ဟုလည်း ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဆက်လက်ဆွေးနွေးရဦးမည် ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...