ဖွဲ့စည်းပုံအခြေခံဥပဒေ မမျှတပါက ရွေးကောက်ပွဲ မျှတမည်မဟုတ်ဟု ဒေါ်စု ထောက်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေ မမျှတပါက ရွေးကောက်ပွဲ မျှတမည်မဟုတ်ဟု ဒေါ်စု ထောက်ပြ
by -
မဇ္ဈိမ
လာမည့် ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရှိဖြင့် နိုင်ငံရေးပါတီများ ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များ တစ်ဖက်စောင်းနင်း မဖြစ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မတ်လ ၃၁ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် လွှတ်တော်သို့ လေ့လာရေး လာရောက်ကြသော ကောလင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များကို ပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာလည်း ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်ဖို့ပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တဖက်စောင်းနင်းဖြစ်နေရင်  ရွေးကောက်ပွဲ တွေဟာ ညီညီမျှမျှ မရှိနိုင်ဘူး” ဟု ထောက်ပြသည်။

ရွေးကောက်ပွဲသည်လည်း တရားမျှမျှတတ မရှိပါက ပြည်သူကိုယ်စားပြုမှုသည်လည်း မှန်ကန်မှုရှိမည် မဟုတ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် ဒေါ်စုက “တချို့တွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲနဲ့ ဘာဆိုင်လဲ ပြောကြတယ်။ အများကြီး ဆိုင်တာပေါ့၊ ဒီမိုကရေစီ ပြည်ထောင်စုကို ယုံကြည်လို့ရှိရင် ရွေးကောက်ပွဲဟာ တရားမျှတရမယ်” ဟု ဆိုသည်။

ဒီမိုကရေစီ၏ စံနှုန်းအရ မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သော ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ယင်းတို့ထဲတွင်  ဒီမိုကရေစီ အကျဆုံးသည် ဥပဒေပြု မဏ္ဍိုင်ဖြစ်ရခြင်းသည် ပြည်သူများ ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များဖြင့် ဥပဒေပြုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့်လည်း ၎င်းက လေ့လာသူများ နားလည်စေရန် ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီ အကျဆုံး မဏ္ဍိုင်ကတော့ လွှတ်တော်၊ ဒါက ပြီးပြည့်စုံလားဆိုတော့ မပြီးပြည့်စုံသေးဘူး၊ တကယ် ပြီးပြည့်စုံဖို့ဆိုရင် အရေးကြီးတာက ၂၀၁၅ ရွေးကောက်ပွဲတွေဟာ တရားမျှတ မှန်ကန်ဖို့လိုတယ်၊ အဲ့ဒီတော့မှပဲ တကယ့်ကို ပြည်သူကို ကိုယ်စားပြုတဲ့ ဥပဒေပြု မဏ္ဍိုင်တစ်ခု ပေါ်လာမှာပေါ့” ဟု ဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...