အစိုးရသစ်လက်ထက် ရခိုင့်သယံဇာတ အလွန်အကျွံထုတ်ယူမှု ရပ်တန့်ရန် တောင်းဆိုမည်

အစိုးရသစ်လက်ထက် ရခိုင့်သယံဇာတ အလွန်အကျွံထုတ်ယူမှု ရပ်တန့်ရန် တောင်းဆိုမည်
by -
မဇ္စျိမ
ကျောက်ဖြူ  ရွှေသဘာဝပိုက်လိုင်း။ ဓာတ်ပုံ-ကျော်မင်း
ကျောက်ဖြူ ရွှေသဘာဝပိုက်လိုင်း။ ဓာတ်ပုံ-ကျော်မင်း
ရခိုင်ပြည်နယ်က ထွက်ရှိသည့် သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူနေမှုများနှင့် ပတ်သက်ပြီး ရပ်တန့်နိုင်ဖို့ လှုပ်ရှားမှုတစ်ခုကို မကြာမီ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ပေါ့နော်၊ ကိုယ်ပိုင်စီမံပိုင်ခွင့် (ownership) အတိုင်း ပြန်လည်ပြုပြင်နိုင်ရေးအတွက် ရခိုင်တပြည်နယ်လုံးအနှံ့ကို ကျွန်တော်တို့ လူထုရဲ့ လက်မှတ်တွေကို ကောက်ယူသွား မှာပါ။ အချိန်အားဖြင့် ဒီနှစ်မှာ ဧပြီလကနေ ဇွန်လအထိ နှစ်လကျော်လောက်ကို သတ်မှတ်ထားပါတယ်။" ဟု ရခိုင်ပြည်နယ်သဘာဝသယံဇာတ ဆိုင်ရာ ကွန်ရက်မှ ဦးဇေယျာကျော်က မဇ္စျိမကို ပြောကြား ခဲ့သည်။

အဆိုပါ ပြောကြားမှုကို မတ် ၂၉ ရက်နေ့မှ မတ်  ၃၀ ရက်နေ့ထိ စစ်တွေတွင် ပြုလုပ်ခဲ့သည့် သဘာဝသယံဇာတဆိုင်ရာ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ဆုံးရှုံးနေမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမှုကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုနှင့် ချင်းပြည်နယ် ပက်လက်ဝမြို့နယ်တို့က ကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ စိတ်ဝင်စားသူများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

လတ်တလော ရခိုင်ပြည်နယ်မှာ ကျောက်ဖြူရွှေဂတ်စ်စီမံကိန်း၊ တောင်ကုတ် နေပူတောင်စီမံကိန်းများမှ သယံဇာတ ထုတ်ယူမှုများသည် အစိုးရအကူးအပြောင်းကာလတွင် ပိုမို များပြားလာနေကြောင်း ရခိုင်ပြည်နယ်သဘာဝသယံဇာတ ဆိုင်ရာ ကွန်ရက်က ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကနဦးလှုပ်ရှားမှုအဖြစ် ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ လူထုလက်မှတ်ကောက်ခံပြီး တင်ပြသွားမည် ဖြစ်ပြီး အစိုးရသစ်အနေနှင့် ပြောင်းလဲမှုကို မလုပ်ပေးနိုင်ဆိုပါက တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် လူထုဆန္ဒဖော်ထုတ်သွားရန် အစီအစဉ်ရှိကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက သဘောတူညီခဲ့ကြကြောင်း သိရသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...