နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို မနက်ဖြန် လွှတ်တော်၌ အဆိုတင်ဖွယ်ရှိ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို မနက်ဖြန် လွှတ်တော်၌ အဆိုတင်ဖွယ်ရှိ
by -
မဇ္စျိမ
 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး မတ်လ ၃၁ရက် လွှတ်တော်တွင် အဆိုတင်သွင်းဖွယ် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

"အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေထံ စည်ပင်ထဲမှာ လာဖြန့်သွားတယ်။ မနက်ဖြန် အမျိုးသားလွှတ်တော်မှာ ဦးအောင်ကြည်ညွှန့်က အဆိုတင်မယ်လို ့ကြားတယ်" ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပထမဆုံးတင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေတွင် အခန်းငါးခန်း ပါရှိပြီး ယင်းဥပဒေကြမ်းကို ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး၌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ပထမဆုံး တင်သွင်းလာသည့် ဥပဒေကြမ်းလည်း ဖြစ်သည်။

"အန်တီတို ့လွှတ်တော်ကိုတော့ မပေးသေးဘူး။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဆီတော့ လာဖြန့်သွားတယ်ကြားတယ်။ မနက်ဖြန်အစည်းအဝေးမှာ လွှတ်တော်အမတ် တစ်ယောက်က အဆိုတင်မယ်လို့ ကြားတယ် " ဟု ပြည်သူ ့လွှတ်တော် အမတ် တစ်ဦးက ရှင်းပြသည်။

သမ္မတ ဦးထင်ကျော်တင်သွင်းသည့် ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် တင်သွင်းဆွေးနွေးကာ အမတ်အများစု၏ ထောက်ခံမဲဖြင့် အတည်ဖြစ်ပါက ပြည်သူ ့လွှတ်တော်သို ့ပေးပို့လာဖွယ်ရှိနေသည်။

1 0

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...