တိုက်ပွဲ ဖြစ်ရခြင်းမှာ စစ်ဆင်ရေးကြောင့် မဟုတ်ဘဲ မိုးမိတ် စစ်ဗျူဟာနှင့် စကခ ၂၁ (ဗန်းမော်) အစိုးရစစ်ကြောင်းများ တပ် အပြောင်းအလဲ သွားလာချိန် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာ ဗဟိုဌာချုပ် ဒုဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုပြောခဲ့သည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျရှုံးမှု စာရင်းကို မသိရကြောင်း ပြောသည်။
အစိုးရတပ်ဘက်် ဗန်းမော် နယ်မြေခံ ခလရ ၂၃၇ နှင့် မိုးမိတ် နယ်မြေခံ ခလရ ၂၇၆ ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းများအရ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ နယ်မြေ များတွင် အစိုးရတပ်နှင့် နေ့စဉ် လိုလို တိုက်ပွဲ ဖြစ်ပွားနေသော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲ မရှိသလောက် ဖြစ်နေဆဲ ဖြစ်သည်။
Published
Wednesday, March 30, 2016
အစိုးရနှင့် KIA တပ်ရင်း ၁၂ မန်စီမြို့နယ်တွင် တိုက်ပွဲ ဖြစ်
ကချင်ပြည်နယ် တောင်ပိုင်း မန်စီမြို့နယ် နမ်ဖူ (Nam Hpu) တွင် အစိုးရတပ်ဖွဲနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၂ တပ်ဖွဲ့များ ယမန်နေ့က ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။







