တအာင်းဒေသ လ္ဘက်ခူးချိန်ဖြစ်၍ ထိုးစစ်ရပ်တန့်ပေးရန် တပ်ချုပ်ထံ သံဃာတော်များ မေတ္တာရပ်ခံ

တအာင်းဒေသ လ္ဘက်ခူးချိန်ဖြစ်၍ ထိုးစစ်ရပ်တန့်ပေးရန် တပ်ချုပ်ထံ သံဃာတော်များ မေတ္တာရပ်ခံ
by -
မဇ္စျိမ
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် တိုင်းရင်းသားများ ရွှေဖီကာလ လက်ဖက်ခူးချိန်ဖြစ်၍ အများပြည်သူများ စစ်ဘေးဒုက္ခနှင့် ထိုးစစ်ဆင်နေမှု ရပ်တန့်ပေးရန် မေတ္တာရပ်ခံစာတစ်စောင်ကို တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ်သို့ တအာင်း(ပလောင်) ဒေသရှိ ရဟန်းသံဃာတော်များက မတ်လ ၂၄ ရက်က ပေးပို့လိုက်သည်။

တအာင်း(ပလောင်)ဒေသရှိ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်၊ နမ္မတူ၊ မူဆယ်၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ်များမှ ရဟန်းသံဃာ ၁၉၈ ပါးက မတ်လ ၂၁ ရက်က အစည်းအဝေးကျင်းပကာ မတ်လ ၂၄ ရက်က ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ပေးပို့လိုက်ခြင်ဖြစ်သည်ဟု နမ့်ဆန်မြို့နယ်မှ ဦးဇင်း ဦးသောဘိတက မိန့်ကြားသည်။

“ဒီတအာင်းဒေသမှာ တခူးကဆုန်လ၊ နယုန်လလောက်က ရွှေဖီလက်ဖက်ပေါ်တဲ့အချိန် တပေါင်းလ အတွင်းထဲရောက်တော ့တပ်မတော်ကနေ ၁၁ တပ်မထဲက ၉ တပ်မက တအာင်းဒေသကို တက်လာတယ်။ အဲဒီအတွက် တိုက်ပွဲကလည်း တော်တော်ဖြစ်လာတယ်။ နောက်ပြီးတော့ စစ်ပြေးုဒုက္ခသည်တွေကလည်း တော်တော်များလာတယ်။ ဦးဇင်းတို့ သံဃာတွေ အစည်းအဝေးထိုင်တယ်။ ထိုင်ပြီးတော့ ငါတို့ ဘာတွေလုပ်ပေးနိုင်မလဲ လူထုတွေ သနားဖို့ကောင်းတယ်။ သံဃာတွေအနေနဲ့ မြို့နယ် သံဃာ့နာယကရော ဆရာတော်တွေ အားလုံး ၁၉၈ ပါး ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ လူထုတွေအပေါ် သနားသောအားဖြင့် ထိုးစစ်ကို လျှော့ပေးဖို့ မေတ္တာရပ်ခံတာပါ”ဟု ဦးသောဘိတက မိန့်သည်။

တအာင်းဒေသရှိ တအာင်းတိုင်းရင်းသားများအနေဖြင့် လ္ဘက်စိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးနေကြပြီး ရွှေဖီကာလ လက်ဖက်များ မဆွတ်ခူးနိုင်ပါက ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများတွင် ထိခိုက်လာနိုင်သည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

တပေါင်းတန်ခူးနှင့် ကဆုန်၊ နယုန်လများတွင် တအာင်း(ပလောင်) တိုင်းရင်းသားများ၏ မူရင်းအားထားမှီခိုရာ ရွှေဖီကာလ လက်ဖက် ရွက်သစ်များ၊ ထွက်စပြုချိန်ဖြစ်ပြီး တစ်နှစ်တာလုံးတွင် ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးတို့အတွက် အဆိုပါ ဝင်ငွေတစ်ခုတည်းကိုသာ မှီခိုအားထားနေရခြင်းလည်း ဖြစ်သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် ကျရမ်ကျေးရွာမှ ဦးလဖောင်ကလည်း “လက်ဖက်ခူးရမယ့်အချိန်တော့ ရောက်ပြီ။ ဒါပေမယ့် ကျနော်တို့က စစ်ဘေးရှောင်နေရတယ်။ အခု မိုင်းယုလေးမှာလည်း စခန်းလည်း မဆောက်ရသေးဘူး။ သူများတွေအိမ်မှာ ပေါင်းပြီး နေနေရတယ်”ဟု မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မိုးကုတ်၊၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်း စသည့် မြို့နယ်များသို့ မြန်မာ့တပ်မတော်မှ အင်အားဖြင့် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ဘေးရှောင်များလည်း နေ့စဉ် တိုးလာသည်ဟု မေတ္တာရပ်ခံစာက ဆိုထားသည်။

တအာင်းဒေသရှိ ရဟန်းသံဃာတော်များ၏ မေတ္တရပ်ခံစာကို အသစ်တက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ နေပြည်တော် သမ္မတရုံး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တအာင်း(ပလောင်) အမျိုးသားပါတီ လွတ်မြောက်ရေးကိုယ်စားလှယ်များ၊ ပလောင်ကို်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် တအာင်းအရပ်ဘက် အဖွဲ့အစည်း များထံသို့ မိတ္တူပေးပို့ထားသည်။ လူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသစ်လက်ထက်တွင် စစ်ပွဲများ လျော့နည်းသွားလိမ့်မည်ဟု မျှော်လင့်နေသည်ဟုလည်း ဦးဇင်း ဦးသောဘိတက မိန့်ကြားသည်။

palawng Monk

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...