ငြိမ်းချမ်းရေးလုပ်ငန်းများ ဦးဆောင်ဦးရွက်ပြုရန် EAO PPST ကိုဖွဲ့စည်း

ငြိမ်းချမ်းရေးလုပ်ငန်းများ ဦးဆောင်ဦးရွက်ပြုရန် EAO PPST ကိုဖွဲ့စည်း
by -
မဇ္စျိမ
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ၏ ဒုုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှ “တုုိင်းရင်းသား လက်နက်ကုုိင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team-EAO PPST)ကုုိ ဖွဲ့စည်းလုုိက်သည်။

ထုုိအဖွဲ့တွင် ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံုး(KNU) ဥက္ကဋ္ဌ ဗုုိလ်ချုပ်မူထူးစေးဖုုိး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) ဒုုတိယ ခေါင်းဆောင်အဖြစ် ဒုု ဗုုိလ်ချုပ်ကြီး ယွက်ဆစ်တုုိ့ ဦးဆောင်ကာ အဖွဲ့အစည်း ၈ ဖွဲ့မှ တစ်ဦးဆီ အပါအဝင် ၈ ဦးဖြင့် ဖွဲ့စည်းလုုိက်ခြင်း ဖြစ်သည်။

“အလုုပ်လုုပ်တဲ့ နေရာမှာ ဦးဆောင် ဦးရွက်ပြုတဲ့အဖွဲ့ဖြစ်ရမယ်။ ဒါကြောင့် တပ်ပေါင်းစုုအသစ်၊ တပ်ပေါင်းစုုသဏ္ဍန်၊ နုုိင်ငံရေး၊ စစ်ရေး တပ်ပေါင်းစုုပုံုသဏ္ဍန် မဟုုတ်ဘဲ ပေါ်လစီအရ ကျနော်တုုိ့ ၈ ဖွဲ့ရဲ့ လုုပ်ငန်းတွေ ဦးဆောင်သွားဖုုိ့ အဖွဲ့ Team လုုိ့ သုံုးတယ်”ဟုု ထိပ်သီး အစည်းအဝေး၏ ပြောရေးဆုုိခွင့်ရှိသူ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) ဗုုိလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်များကုုိ ပြောကြားခဲ့သည်။

ယင်းအဖွဲ့သည် အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ်(NLD) အစုုိးရနှင့်သော်လည်းကောင်း၊ နုုိင်ငံတကာနှင့်သော်လည်းကောင်း၊ အဖွဲ့အစည်း အချင်းချင်းကြားတွင်သော်လည်းကောင်း ငြိမ်းချမ်းရေးဆုုိင်ရာ လုုပ်ငန်းများတွင် ဦးဆောင်နုုိင်ရန်အတွက် ဖွဲ့စည်းရခြင်း ဖြစ်သည်ဟုု သူက ပြောသည်။

တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများအနေဖြင့် ညီလာခံမှ ဆုံုးဖြတ်ချက်များကုုိ လုုပ်ငန်းလုုပ်ဆောင်ရာတွင် လျင်မြန်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟုု ချင်းအမျိုးသားတပ်ဦး(CNF)မှ ဥက္ကဋ္ဌ ပူးဇင်ကျံုးက ပြောသည်။

”ဒီ PPSTကတော ့ငြိမ်းချမ်းရေးစတင်ကတည်းက ၂၀၁၂ ခုုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက ဖွဲ့ဖုုိ့ ကြိုးစားလာခဲ့တာ။ ကျနော်တုုိ့ အစုုိးရနဲ့ စကားပြောတာပဲ ဖြစ်ဖြစ်၊ ဒုုိင်ယာလောဒ်လုုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ နောက်တခုုခုု လုုပ်မယ်ဆုုိရင် အဲဒီအဖွဲ့တွေက ညီလာခံကုုိ တင်ပြရတယ်။ ထိပ်သီးအစည်းအဝေးကုုိ တင်ပြရတယ်။ ဒါကြောင့် လုုပ်ငန်းတွေ နှောင့်နည်းမှု ရှိတယ်။ ဒါကြောင့် ဒီအဖွဲ့ကလည်း ညီလာခံကုုိ တင်ပြစရာ မလုုိဘဲ။ ညီလာခံက ချမှတ်ထားတဲ့ ဆုံုးဖြတ်ချက်၊ ပေါ်လစီအရ ခပ်မြန်မြန် တင်ပြနုုိင်အောင် ဖွဲ့စည်းတာ ဖြစ်တယ်”ဟုု သူက သတင်းထောက်များကုုိ ပြောသည်။

၃ ရက်ကြာ ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် NCA အကောင်အထည်ဖော်မှု အခြေအနေများ၊ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူကျင်းပနုုိင်မှု အပါအဝင် NCA အကောင်အထည်ဖော်မှုဆုုိင်ရာညှိနှိုင်းရေး အစည်းအဝေး (JICM)၊ အပစ်ရပ်စာချုပ် စောင့်ကြည့်ရေး ပူးတွဲကော်မတီ(JMC)၊ ပြည်ထောင်စုု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ(UPDJC ) စုုဖွဲ့မှု၊ အကောင်အထည်ဖော်မှုများနှင့် လက်ရှိ အစုုိးရနှင့် နုုိင်ငံရေးဆွေးနွေးပွဲကုုိ အစပျိုးနုုိင်ခဲ့ခြင်းအပေါ် သုံုးသပ်ခဲ့သည်ဟုု သိရသည်။

၎င်းထိပ်သီးခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုတွင် အချက် ၁၆ ချက်ကုုိ ဆုံုးဖြတ်ချက်ရှိပြီး အချက် ၅ ချက်ကုုိ အတည် ပြုနုုိင်ခဲ့ကာ အချက် ၁ ချက်ကုုိ မှတ်တမ်းတင်နုုိင်ခဲ့သည်ဟုု အစည်းအဝေးအပြီး ကြေငြာချက် ထုုတ်ပြန်၍ သတင်းစာ ရှင်းလင်းပွဲတွင် ဗုုိလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်များကုုိ ပြောကြားခဲ့သည်။

NLD အစုုိးရမှ တက်လာမည့် သမ္မတ ဦးထင်ကျော်အား ကြိုဆုုိကြောင်းနှင့် ငြိမ်းချမ်းရေး လုုပ်ငန်းများကုုိ အမြန်ဆုံုး ဆက်လက် အကောင်အထည် ဖော်ရန်နှင့် ၄င်းတုုိ့အနေဖြင့် အရံသင့် ပြင်ဆင် စောင့်ဆုုိင်း နေပါကြောင်း အစည်းအဝေးတွင် သဘောထား ချမှတ်ခဲ့သည်ဟုု ထုုတ်ပြန်ထားသည်။

နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်၏ တုုိင်းပြည်သုုိ့ မိန့်ကြားမည့် ပထမဆုံုး နုုိင်ငံတော် အခြေပြ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်အတွက် အလားအလာကောင်းများ ပါဝင်လာမည်ဟုု ၄င်းတုုိ့ မျှော်လင့်ကြောင့် ဖော်ပြထားသည်။

ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပဏာမတွေ့ဆုံု ဆွေးနွေး ညှိနှိုင်းနုုိင်ရန် (Delegation for EAO Unity -DEU) ခေါ်သော ကုုိယ်စားလှယ်အဖွဲ့ကုုိ ဖွဲ့စည်းခဲ့သည်။  DEU အဖွဲ့တွင် ရခုုိင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုု ဥက္ကဋ္ဌ ဦးခုုိင်စုုိးနုုိင် အောင်နှင့် KNU အထွေထွေ အတွင်းရေးမှူး ပဒုုိကွယ်ထူးဝင်းတုုိ့ ဦးဆောင်သော ကုုိယ်စားလှယ် ၈ ဦး ပါဝင်ပြီး ၄င်းအဖွဲ့သည် UNFC မှ နုုိင်ငံရေး ဆုုိင်ရာညှိနှိုင်း ဆွေးနွေးရေး ကုုိယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation (DPN)နှင့် မတ်လ ၂၇ ရက်တွင် တွေ့ဆုံု ဆွေးနွေးကြမည် ဖြစ်သည်။

၄င်းတွေ့ဆုံုမှုတွင် ညီညွတ်မှုကုုိ ဆက်လက် ထိန်းသိမ်းပြီး ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်ကြီးတွင် အားလုံုး ပါဝင်လာနုုိင်မည့် လမ်းစဖြစ်လိမ့်မည်ဟုု ယုံုကြည်ကြောင်း ဆုုိထားသည်။ NCA လက်မှတ်ရေးထုုိးထားသော အဖွဲ့အစည်းများအားလုံုး နုုိင်ငံရေး ရည်မှန်းချက် စောင့်ထိန်းလျက် အစုုိးရသစ်နှင့် ညှိနှိုင်းကြိုးပမ်းသွားမည် ဖြစ်ကြောင်း သဘောထားထုုတ်ပြန်လုုိက်သည်။

မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ သုံုးရက်ကြာ ကျင်းပခဲ့ပြီး  NCA လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ဒုုတိယကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များနှင့် လေ့လာသူများနှင့် နည်းပညာ အကြံပေးများ စုုစုုပေါင်း ရ၉ ဦး တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...