UNFC နှင့် လက်နက်ကိုင် ၈ဖွဲ့ ဧပြီလအတွင်း ထိပ်သီးအစည်းဝေးလုပ်ရန် သဘောတူ

UNFC နှင့် လက်နက်ကိုင် ၈ဖွဲ့ ဧပြီလအတွင်း ထိပ်သီးအစည်းဝေးလုပ်ရန် သဘောတူ
by -
မဇ္စျိမ
ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင်အဖွဲ့အစည်းတိုု့ နှစ်ဖက် ပြန်လည် တွေ့ဆုံုရန် သဘောတူညီခဲ့ကြသည်ဟုု နှစ်ဖက် ကုုိယ်စာလှယ်များ၏ ခေါင်းဆောင်များက ပြောသည်။

မတ်လ ၂၇ ရက် နံနက် ၉ နာရီမှ ၁၂ နာရီကျော်ထိ တွေ့ဆုံုဆွေးနွေးမှုအပြီး နှစ်ဖက် ရှေ့ဆက်လုုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်အတွက် အမြန်ဆုံုး ပြန်လည် တွေ့ဆုံုဆွေးနွေးနုုိင်ရန်   နှစ်ဖက်သဘောထားရှိခဲ့ကြသည်ဟု UNFC မှ “နုုိင်ငံရေး ဆုုိင်ရာညှိနှိုင်း ဆွေးနွေးရေး ကုုိယ်စားလှယ်အဖွဲ့”(Delegation for Political Negotiation (DPN)မှ ခေါင်းဆောင် ခူဦးရယ်က သတင်းထောက်များကုုိ ပြောသည်။

“ရှင်းရှင်းပြောရရင် အလွတ်သဘောတွေ့ကြတာပါ။ ရှေ့ဆက် ကျနော်တိုု့ အတူတကွ ဘယ်လုုိ လုုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ကြ မလဲဆိုုတဲ့ ခေါင်းစဉ်က ဒါ အဓိကပေါ့နော်။ ကျနော်တုုိ့ရှေ့ဆက်သွားမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်စလုံုး အမြန်ဆုံုး တွေ့ဆုံု ဆွေးနွေးနုုိင်ကြရင် အကောင်းဆုံုးလိုု့တော့ အမြင်သဘောထားတွေ ဖလှယ်ကြတာတွေတော့ ရှိတယ်”ဟုု သူက ပြောသည်။

ယခုုကဲ့သုုိ့ နှစ်ဖက် ကုုိယ်စားလှယ်များ တွေ့ဆုံုဆွေးနွေးခြင်းသည် တုုိင်းရင်းသား လက််နက်ကုုိင် အဖွဲ့အစည်းများအကြား ယုံုကြည်မှု ရှိနေဆဲ ဖြစ်ပြီး ညီညွတ်ရေးအတွက် အဓိကထား လုုပ်ဆောင်နေကြဆဲ ဖြစ်သည်ဟုု ရှုမြင်ကြောင်း ခူဦးရယ်က အစည်းအဝေးအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆွေးနွေးမှုတွင် NCA လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းများ၏ ကုုိယ်စားလှယ်များဘက်မှ အစုုိးရနှင့် NCAလက်မှန်ရေးထုုိးပြီးနောက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ ဒုုတိယအကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှ ဖွဲ့စည်းလုုိက်သော “တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team-EAO PPST)ကုုိ ဖွဲ့စည်းမှုများကုုိလည်း တင်ပြခဲ့သည်ဟုု သူက ပြောသည်။

NCA လက်မှတ်ရေးထုုိးထားသော အဖွဲ့၏ ပဏာမတွေ့ဆုံု ဆွေးနွေး ညှိနှိုင်းနုုိင်ရန် (Delegation for EAO Unity-DEU)တွင် ရခုုိင်လွတ်မြောက်ရေးပါတီ(ALP)မှ ဦးခုုိင်စုုိးနုုိင်အောင်နှင့် ကရင်အမျိုးသားအစည်းအရုံုး(KNU)မှ ပဒုုိကွယ်ထူးဝင်တုုိ့ အပါ အဝင် ၉ ဦးနှင့် UNFCမှ အထွေထွေ အတွင်းရေးမှူး ခူဦးရယ် ဦးဆောင်သော “နုုိင်ငံရေး ဆုုိင်ရာညှိနှိုင်း ဆွေးနွေးရေး ကုုိယ်စားလှယ် အဖွဲ့”(Delegation for Political Negotiation (DPN)မှ ကုုိယ်စားလှယ် ၈ ဦးတုုိ့ တွေ့ဆုံုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယနေ့တွေ့ဆုံုဆွေးနွေးမှုတွင် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံုဆွေးနွးရန် နှစ်ဖက် သဘောထားရယူခဲ့ပြီး လာမည့် ဧပြီလ အတွင်း ပဏာမ တွေ့ဆုံုဆွေးနွေး၍ ထိပ်သီးအစည်းအဝေး ခေါ်ယူရန်အတွက် သက်ဆုုိင်ရာ အဖွဲ့များသုုိ့ ပြန်လည် တင်ပြသွားမည် ဖြစ်ကြောင်း DEU အဖွဲ့မှ ခေါင်းဆောင် ဦးခုုိင်စုုိးနုုိင်အောင်က ပြောသည်။

“ကျနော်တိုု့ဘက်က အန်စီအေကုုိ လက်မှတ်ထုုိးလာတယ်။ အဖွဲ့တွေ ဖွဲ့လာတယ်ဆုုိတာ ဆွေးနွေးတယ်။ အဲဒီအပေါ်မှာ သူတိုု့က ဘာမှ မပြောဘူး။ နားထောင်တာဘဲ ရှိတယ်။ Unity တည်ဆောက်တဲ့နေရာမှာ ဘယ်လုုိ ဆွေးနွေးကြမလဲ။ လက်မှတ်ထုုိးတဲ့ အဖွဲ့နဲ့ မထုုိးသေးတဲ့အဖွဲ့တွေ ပြန်ပြီး အလုုပ် လုုပ်နုုိင်အောင် ဘယ်လုုိ လုုပ်ကြမလဲဆိုုတဲ့ အပေါ်မှာ အလွတ်သဘောဆွေးနွေးတာပါ။ နောက်တစ်ကြိမ် တွေ့ဖိုု့ သဘောထားရှိတယ်”ဟုု ဦးခုုိင်စုုိးနုုိင်အောင်က သတင်းထောက်များကုုိ ပြောသည်။

တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများအကြား ပြန်လည် တွေ့ဆုံုဆွေးနွေးနုုိင်မှုအပေါ် ညီညွတ်ရေးအတွက် စာမျက်နှာဖွင့်လုုိက်ခြင်း ဖြစ်ကြောင်း ဦးခုုိင်စုုိးနုုိင်အောင်က ပြောသည်။

NCA လက်မှတ်ရေးထိုုးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် မထုုိးသေးသော အဖွဲ့အစည်းများများ ပြန်လည် ပေါင်းစည်းနုုိင်ရေးအတွက် မကြာမီ တက်လာမည့် အမျိုးသားဒီမုုိကရေစီ အစိုုးရအဖွဲ့သစ်၏ ငြိမ်းချမ်းရေး လုုပ်ဆောင်မှု အပေါ်မှာ မူတည်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် အောက်တုုိဘာလ ၁၅ ရက်က NCA ကုုိ လက်မှတ်ရေးထုုိးခဲ့ပြီးနောက် လက်မှတ်မထုုိးရသေးသည့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၉ ဖွဲ့ပါဝင်သော UNFC နှင့် ပထမဆုံုးအကြိမ် ပြန်လည် တွေ့ဆုံုဆွေးနွေးခြင်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...