မြန်မာနိုင်ငံအနှံ့ မီးလောင်မှု ဆက်တိုက်ဖြစ်ပေါ်နေမှုမှာ စဉ်းစားမည့်အချက်ဖြစ်သည်ဟု လွှတ်တော်အမတ်ပြော

မြန်မာနိုင်ငံအနှံ့ မီးလောင်မှု ဆက်တိုက်ဖြစ်ပေါ်နေမှုမှာ စဉ်းစားမည့်အချက်ဖြစ်သည်ဟု လွှတ်တော်အမတ်ပြော
by -
မဇ္စျိမ
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် သတင်းများ ထွက်ပေါ်နေသည့် ဒေါက်တာဇော်မြင့်မောင် က မြန်မာပြည်အနှံ့ မီလောင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ စဉ်းစားရမည့် အချက်တစ်ချက်ဖြစ်နေသည်ဟု မတ် ၂၄ ရက်၊နံနက် ၁၀ နာရီက ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အပြီး မီဒီယာတွေ့ဆုံပွဲတွင်ပြောသည်။

12495067 257297197934940 1537154486712028987 n“မီးတွေခဏခဏလောင်နေရတာကလည်း စဉ်းစားရမယ့်အချက်တစ်ချက်ပါ။ မန္တလေး မင်္ဂလာစျေးမီးလောင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကိုယ်စားလှယ်တွေ စျေးသူစျေးသားတွေရဲ့ ခံစားချက်တွေကိုနားထောင်ပြီးဖြစ်ပါတယ်။ အဲဒီခံစားချက်တွေကို နားထောင်းပြီးမှ ဖြေရှင်းလို့ရမှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိသေးပါဘူး” ဟု၎င်းက ပြောသည်။

ဆက်လက်၍ ဒေါက်တာဇော်မြင့်မောင်က “လောလောဆယ် ကျွန်တော်တို့ အာဏာမရသေးပါဘူး။ မလွှဲသေးပါဘူး။ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ဘာမှမရှိသေးပါဘူး။ လွှတ်တော်ကလည်း ကူးပြောင်းရေးကာလကိုပဲ ဆောင်ရွက်နေတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း မဖွဲ့ရသေးပါဘူး။ လွှတ်တော်ကလည်း လွှတ်တော်ပဲရှိနေသေးတာပါ။ ဖြစ်နေတဲ့ စျေးသူစျေးသားတွေကို စာနာတာပေါ့။ စိန်ခေါ်မှုတွေအများကြီးပဲဗျ။ အဲဒီစိန်ခေါ်မှုတွေထဲမှာ အခွင့်အလမ်းတွေလည်းအများကြီး အရေးကြီးတာက ပြည်သူတွေ ကျွန်တော်တို့ နောက်မှာရှိနေဖို့ပဲ” ဟု၎င်းက ပြောသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...