အစိုးရတပ်မှ ဖမ်းဆီးထားသည့် မုန်းစီ ရွာသား ၃၅ ဦး ကို ပြန်လွှတ် ပေး

အစိုးရတပ်မှ ဖမ်းဆီးထားသည့် မုန်းစီ ရွာသား ၃၅ ဦး ကို ပြန်လွှတ် ပေး
by -
ကေအဲန်ဂျီ
ယခုလ မတ် ၁၈ ရက်နေ့က အစိုးရ တပ်မ ၆၆ မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခို််င်မြို့ အရှေ့မြောက်ဘက် မုန်းစီ ရွာသား ၃၅ ဦးကို ဗုဒ္ဓဘုန်းကြီးကျောင်းတွင် သုံးရက်ခန့် ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့သည်။

သူတို့ကို ဖမ်းဆီး စစ်ဆေးရာတွင် ရွာအတွင်းရှိ “သူပုန်” များ၏ နာမည်များကို သိလို၍ မေးမြန်းခြင်းဖြစ်ကြောင်း မုန်းစီ ရွာသားတစ်ဦးက ကချင်သတင်းဌာန KNG သို့ ပြောခဲ့ပါသည်။

အစိုးရတပ်မှ ခေါဝေါ်သော “သူပုန်” ဟူသည်မှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကိုဆိုလိုခြင်း ဖြစ်သည်။

ဘုန်းကြီးကျောင်းတွင် သုံးရက်ခန့် ဖမ်းဆီးစစ်ဆေးခံရာတွင် ညအချိန် မိမိ ကိုယ်အဝတ်ဖြင့် မိမိကို ကြိုးအဖြစ် ပြန်ချဉ်ထားကြောင်း မုန်းစီ ဒေသခံ တစ်ဦး ထပ်ပြောသည်။

ရွာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လူကြီးများမှ အစိုးရ အရာရှိများကို ရွာအတွင်း “သူပုန်” မရှိကြောင်း အာမခံ လက်မှတ် ထိုးပြီးမှ ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း လွတ်မြောက်လာသော ရွာသားများကို ၁၀ ရက်အတွင်း မိမိ လုပ်ငန်းခွင်ဖြစ်သည့် တောင်ယာ၊ လယ်ယာ များသို့ ‘မထွက်ရ’ ဟု သတိပေး ထားကြောင်း ဖော်ပြပါ ဒေသခံ က ဆက်ပြောသည်။

ထို့အပြင် မုန်းစီ ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာ၏ အိမ်နှင့် အခြား နေအိမ် သုံး လေး အိမ် ကိုလည်း ရှာဖွေ မွှေနှောက်မှုများ ပြုလုပ်ခဲ့ပြီး အိမ်တွင်း အိမ်ပြင် အသေးစိတ်ကို ဓါတ်ပုံ ရိုက်ယူ သွားကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ က KIA တပ်မဟာ ၆ ကို တရားဝင်တိုးချဲ့ဖွဲ့စည်းခြင်းကို အစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ပြီးနောက် ယင်းဒေသသို့ အစိုးတပ်အင်အား ၃၀၀၀ ကျော် ဝင်ရောက် နေရာချနေပြီဖြစ်သည်။ ယခုချိန်ထိ KIA တပ်မဟာ ၆ နှင့် တိုက်ပွဲအဆင့် ဖြစ်ပွားခြင်း မရှိသေးသော်လည်း ဒေသခံ ကချင်လူမျိုးများမှာ အစိုးရတပ်၏ မတရား နှိပ်စက်ခြင်းကို ခံနေရပြီ ဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...