တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဝင် ၂၁ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးထွက်ခွာ

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဝင် ၂၁ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးထွက်ခွာ
by -
မဇ္စျိမ
ပြည်ခိုင်ဖြိုးပါတီ
ပြည်ခိုင်ဖြိုးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-ပြည်ခိုင်ဖြိုး ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဦးဆောင်သော တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပါတီကော်မတီဝင် ၂၁ ဦး သည် မတ်လ (၂၂) ရက်နေ့၌ တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ၁၂ ရက်ကြာ လေ့လာရေးခရီးအဖြစ် နေပြည်တော်လေဆိပ်မှ B-5054 CHINA EASTERN လေကြောင်း လိုင်းဖြင့် ထွက်ခွာသွားသည်ဟု   ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်သည်။

ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေးလည်းပါ၀င်သည့် ယင်းလေ့လာရေးအဖွဲ့အား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဦးဌေးဦးက မတ်လ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ တွေ့ဆုံ၍ ဆွေးနွေးမှာကြားမှုများ ပြုလုပ်ခဲ့သေးသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် တရုတ်နိုင်ငံနှင့် ပြည်သူများ လူမှုစီးပွားရေး တိုးတက်စေရန် ဆောင်ရွက်နေမှုများကို လေ့လာ မှတ်သားလာခဲ့ရန် ဦးဌေးဦးက မှာလိုက်သည်။

ထို့ပြင် ခရီးစဉ်အတွင်း ပါတီနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ မကျဆင်းစေရန်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ခိုင်ဖြိုးအကြား ပါတီအချင်းချင်း ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရန် ဆောင်ရွက်ကြရမည်ဟုလည်း မှာကြားသည်။

"နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ တည်ဆောက်ထားသော နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုများကို အားဖြည့်နိုင်ရေးအတွက် ဆောင်ရွက်ကြရန်" လည်းမှာကြားကြောင်း ပြည်ခိုင်ဖြိုးဖေ့ဘုတ်စာမျက်နှာ၌ ဖော်ပြထားသည်။

မတ်လ (၂၂) ရက်နေ့၌ တရုတ်နိုင်ငံသို့ ထွက်ခွာကြသည့် ယင်းလေ့လာရေးအဖွဲ့အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာမောင်မောင်ဌေး၊ ဒေါက်တာကျော်ကျော်ဌေး၊ စီမံရေးရာဌာနကြီးမှူး ဦးအောင်နိုင်ထွန်း၊ နိုင်ငံခြားရေးရာဌာနမှ ဒုတိယဌာနမှူး ဦးဆွေဝင်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...