ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီမှ တစ်ဦးကို ခန့်ပေးရန် ဒေသခံအချို့တောင်းဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီမှ တစ်ဦးကို ခန့်ပေးရန် ဒေသခံအချို့တောင်းဆို
by -
မဇ္စျိမ
၂၀၁၅ နိုဝင်ဘာလက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲအများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီမှ တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်နေရာ ခန့်အပ်ပေးရန် စစ်တွေမြို့နယ်ရှိ လူဦးရေ ၁၀၀၀ ကျော်က မတ်လ ၂၃ရက်က ဆန္ဒပြတောင်းဆိုလိုက်သည်။

ဆန္ဒပြရာတွင် ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်သည့် “၁/၂၀၁၆ အား ပြတ်သားစွာထောက်ခံကြောင်း" “ရခိုင်သည် ကျွန်မျိုးမဟုတ်” “ကိုလိုနီစနစ် .. ဒို့ လက်မခံ” အစရှိသည့် ဆောင်ပုဒ်များကို ကိုင်ဆောင်ပြီး စစ်တွေမြို့အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းအပြင် ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်အပေါ် အလေးအနက်ထား ဆောင်ရွက်ပေးစေရန် အစရှိသည့် ဆောင်ပုဒ်များကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးအောင်မြသိန်းက “ကျနော်တို့ အနေနဲ့ ဆန္ဒပြရတာဟာ ကိုယ့်လူမျိုးတွေကို ကိုယ့်ပါတီက ဖြစ်စေချင်လို့ပဲ၊ ဒီနေရာမှာရှိတဲ့ သူတွေအကုန်လုံးဟာ ရခိုင်အမျိုးသားပါတီကို ထောက်ခံတဲ့သူတွေပဲ၊ ကျနော်တို့ရဲ့ တောင်းဆိုချက်ကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ်ဝန်ကြီးချုပ်နေရာ ရရှိရေးကို ရခိုင်အမျိုးသားတစ်ဦးအား ခန့်အပ်မည် ဆိုသော်လည်း ထိုသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်နေ၍ ရခိုင်အမျိုးသားပါတီကသာ ဖြစ်စေချင်ကြောင်း ရခိုင်အလင်းတံခါး အမျိုးသမီးများအဖွဲ့မှ ဒေါ်ကျော့စိန်က ဆိုသည်။

“အရင် အစိုးရလက်ထက်ကလည်း ပြည်နယ်ဝန်ကြီးချုပ်ဟာ ရခိုင်လူမျိုးပါပဲ။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီက မဟုတ်ခဲ့ဘူး၊ ကျမတို့က ဒီတစ်ကြိမ် ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီကပဲ ဖြစ်စေချင်တယ်၊ ဒါဟာ ပြည်သူတွေရဲ့ဆန္ဒတွေပါ” ဟု ပြောသည်။

ဆန္ဒပြပွဲကို မတ်လ ၂၃ရက် မွန်းလွဲ ၂ နာရီက စတင်ကျင်းပခဲ့ပြီး မွန်းလွဲ ၂နာရီခွဲတွင် အဆုံးသတ်ခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...