အပစ်ရပ်ဆွေးနွေးပွဲသို့ လွတ်တော်သည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်ရန် ကြိုးပမ်းနေဟု သူရ ဦးရွှေမန်း သဝဏ်လွှာပို့

အပစ်ရပ်ဆွေးနွေးပွဲသို့ လွတ်တော်သည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်ရန် ကြိုးပမ်းနေဟု သူရ ဦးရွှေမန်း သဝဏ်လွှာပို့
by -
မဇ္ဈိမ
သတ္တမအကြိမ် ရ ရက်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၃၀ ရက်က ရန်ကုန်မြို့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC တွင် ဆက်လက်ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
သတ္တမအကြိမ် ရ ရက်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၃၀ ရက်က ရန်ကုန်မြို့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC တွင် ဆက်လက်ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ရန်ကုန်မြို့  ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပလျက်ရှိသည့် သတ္တမအကြိမ် ရ ရက်မြောက် ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ကာ လွှတ်တော်သည် တိုင်းရင်းသားများ တန်းတူညီမျှသော အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်ရေး လွှတ်တော်များက ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပါရှိသည်။

အပစ်ရပ်ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေခြင်းဖြစ်ပြီး အပစ်ရပ်စာချုပ်ပါ အချက်များအနက်ကျန် ရှိနေသည့်အချက် လေးချက်ကို မတ်လ ၃၀ ရက်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက “၇ ကြိမ်မြောက်ဆွေးနွေးမှာ အဖွဲ့နှစ်ဖွဲ့ဟာ တစ်ဖွဲ့တည်းကဲ့သို့ ပူးပေါင်းဆွေးနွေးခဲ့လို့ ဒီလောက်များပြားတဲ့ အပစ်ရပ်စဲရေး အချက်တွေကို ဆွေးနွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဆွေးနွေးရင် အောင်မြင်စွာ နဲ့ ကျော်လွားနိုင်မယ်လို့  ယူဆပါတယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ပေးပို့သည့် သဝဏ်လွှာတွင် လွှတ်တော်များအနေဖြင့်  ငြိမ်းချမ်းရေးဖြစ်စဉ်များကို အထောက်အကူပြုစေမည့် လုပ်ငန်းစဉ်များဖြစ်သော ဒီမိုကရေစီစနစ်ကို ပိုမိုပီပြင်စွာ ဖြစ်ထွန်းပေါ်ပေါက်စေရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်ဟု ပါ၀င်သည်။

NCCT ပထမခေါင်းဆောင် နိုင်ဟံသာက “ကျွန်တော်တို့ နားလည်မှုရရှိဖို့အတွက် တိုက်ပွဲတွေကို လျှော့ချဖို့လိုအပ်ပါတယ်။ တာဝန်ယူနေတဲ့ အချိန်ကာလမှာတစ်နိုင်ငံလုံးမှာ တိုက်ပွဲသံတွေ တည်ငြိမ်သွားပြီးတော့ နားလည်မှုရှိရှိနဲ့ လက်တွဲပြီးနိုင်ငံကို ထူထောင်သွားဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ဖက်ကလည်း အတက်နိုင်ဆုံးကြိုးစားမယ်။ အစိုးရ ခေါင်းဆောင်းကြီးတွေဖက်ကလည်း ကြိုးစားပြီးတော့ နိုင်ငံတည်ငြိမ် တိုးတက်အေးချမ်းအောင်ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်( NCA) အတွက် ခုနစ် ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို  မတ်လ ၁၇ ရက်တွင် စတင်ဆွေးနွေးခဲ့ပြီး ခြောက်ရက်မြောက်အဖြစ် ဆွေးနွေးသည့် မတ်လ ၂၂ ရက် ခေတ္တ ရပ်ဆိုင်းခဲ့ပြီး မတ်လ ၃၀ ရက်တွင် ဆွေးနွေးပွဲ ဒုတိယပိုင်း  ရ ရက်မြောက်ဆွေးနွေးပွဲ ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...