ရိုဟင်ဂျာဆိုသူများအား မြန်မာအစိုးရ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမရှိဟု အမေရိကန် ပြောပြီ

ရိုဟင်ဂျာဆိုသူများအား မြန်မာအစိုးရ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမရှိဟု အမေရိကန် ပြောပြီ
by -
မဇ္စျိမ
မြန်မာအစိုးရအနေဖြင့် လူနည်းစု ရိုဟင်ဂျာဆိုသူများအပေါ် ဖိစီးနှိပ်စက်မှုများ ရှိသော်လည်း လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများမူ မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန်းစစ်စစ်ဆေးကာ မတ် ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

“ဖိစီးနှိပ်စက်မှုတွေ ရင်ဆိုင်နေရသည်ဆိုခြင်းအတွက်တော့ မေးခွန်းထုတ်စရာမရှိပါ။ ဒါပေမယ့် လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဆို သည်ဟု ပြောဆိုနိုင်သည့် အဆင့်မရှိပါဘူး”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby သတင်းထောက်များအား ပြောသည်။

ရိုက်တာက ရရှိခဲ့သည့် လွွှတ်တော်သို့ တင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနအစီရင်ခံစာတွင် ရိုဟင်ဂျာဆိုသူများအား အလွဲသုံးစားပြုမှုခြင်းများအတွက် အမေရိကန်အစိုးရအနေဖြင့် အလွန်စိုးရိမ်ကြောင်း၊ သို့သော် ယုတ်မာရက်စက်ခြင်းများ ကျူးလွန်ခံနေရပါသည်ဆိုခြင်းကမူ မဟုတ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားသည့် ဘာသာရေးပဋိပက္ခများ ပြီးနောက် နိုင်ငံတကာက ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများ ရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရေးများအတွက် တောင်းဆိုခဲ့သည်။ ယင်းပဋိပက္ခများနောက်ပိုင်း ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ဆံခြင်းများကြောင့် ရိုဟင်ဂျာဆိုသူမွတ်စလင်ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြသည်။

လက်ရှိပြဿနာများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလက်ထက်တွင် ထိုင်းနှင့် ပြင်ပသို့ ထွက်ပြေးကြသည့် ရွှေ့ပြောင်းသူများဦးရေကို တစ်ဖြည်းဖြည်းလျှော့ချခြင်းများဖြင့် အခြေအနေကောင်းမွန်လာမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က မတ် ၂၁ ရက် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဧပြီ ၁ ရက်က စကာ အစိုးရအဖြစ် စတင်တာဝန်ယူမည်ဖြစ်သည်။ သို့သော် လူပေါင်း ၁၄၀၀၀၀ နီးပါး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲဖြစ်သည့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆိုသူများ၏ အခြေအနေနှင့် ပတ်သက်ကာ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့က ပြောဆိုမှု နည်းပါးခြင်းကြောင့် ဝေဖန်မှုများလည်း ရှိနေသည်။

အမေရိကန်လွှတ်တော်က ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအစွန်းရောက်များ၏ ရိုဟင်ဂျာဆိုသူများအပေါ် ရက်စက်ယုတ်မာစွာ ကျူးလွန်မှုများရှိမရှိ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား အစိုးရများနှင့် လူအခွင့်အရေးအဖွဲ့အစည်းများနှင့်အတူ တိုင်ပင်ဆွေးနွေးအဖြေရှာရန် တာဝန်ပေးအပ်ခဲ့သည်။

ယခုနိုင်ငံခြားရေးဝန်ကြီးဌာန၏ လွှတ်တော်သို့တင်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာဆိုသူများအား ခွဲခြားဆက်ဆံဖိစီးနှိပ်စက်မှုများရှိသော်လည်း လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများ မရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...