ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံလက္ခဏာများ နှင့် မူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံလက္ခဏာများ နှင့် မူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
by -
မဇ္စျိမ
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များနှင့် ပြည်တွင်းမှ တိုင်းရင်းသား ခေါင်းဆောင်များက မြန်မာနိုင်ငံ ဖက်ဒရယ် ပြည်ထောင်စုအတွက် အဓိက အခြေခံ လက္ခဏာများနှင့် မူကြမ်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်သည်။

“Drafting Key Principles And Characteristics For a Fedaral Union of Burma”ဟု ခေါင်းစဉ်ပေးထားသော အလုပ်ရုံ ဆွေးနွေးပွဲကို နိုင်ငံတကာမှ ဖက်ဒရယ်ဆိုင်ရာ တတ်သိပညာရှင်များ၊ မြန်မာနိုင်ငံမှ ဖက်ဒရယ်ဆိုင်ရာ လေ့လာခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

“ကျနော်တို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံတစ်ခုရဖို့ ဒီမှာ အချက်အလက်တွေရှာတာပေါ့။ ဖက်ဒရယ် ဖွဲ့စည်းပုံထဲမှာ ဘာအချက်တွေက အရေးကြီးလဲ။ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့အချက်က ပုံစံက ဘယ်လို ဖြစ်မလဲ။ အားလုံးက စုစည်းတဲ့ အလုပ်ရုံ ဆွေးနွေးပွဲပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို စုဆောင်းရှာဖွေဖို့ပါပဲ၊ အပြည့်အစုံ ရေးဖို့မဟုတ်ဘူး ”ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

ခြောက်ရက်ကြာ ဆွေးနွေးမှုအတွင်း အဓိကအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်နှင့် ဗဟို အာဏာခွဲဝေမှု၊ ပြည်နယ်ရှိ လူမျိုးစုဆိုင်ရာ အခွင့်အရေးသတ်မှတ်မှု၊ သယံဇာတ ခွဲဝေမှု၊ လွှတ်တော် ဖွဲ့စည်းမှု၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်တွင် လုံခြံုရေး တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှု စသည့်အချက်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

“ဖက်ဒရယ်စနစ်မှာ အာဏာတွေကို ပြည်နယ်နဲ့ ဗဟိုမှာ ဘယ်လိုခွဲမလဲ၊ လူမျိုးစုဆိုင်ရာ ဥပမာ ပြည်နယ်ထဲမှာ ရှိတဲ့ လူမျိုးစုတွေကို ဘယ်လို အခွင့်အရေးတွေ သတ်မှတ်ပေးမလဲ။ သယံဇာတတွေကို ဘယ်လို ခွဲဝေမလဲ၊ လွှတ်တော်ကိုလည်း ဘယ်လို ဖွဲ့စည်းရမလဲ။ အဓိကတော့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံကို တည်ထောင်မယ် ဆိုရင် ဒီမိုကရေစီစနစ်လည်း ပါပြီးသားပဲ။ အဲဒီ ဖက်ဒရယ် ဒီမိုကရေစီစနစ်မှာ တိုင်းရင်းသားတွေ အချင်းချင်း ယုံကြည်မှုမရှိတော့ တပ်ကိစ္စကိုလည်း ဘယ်လို ဖွဲ့စည်းမလဲ။ ဒါတွေလည်း စဉ်းစားစရာတွေပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုအလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်မှ ၂၆ ရက်ထိ ပြုလုပ်မည် ဖြစ်ကာ နောက်ဆုံးရက်များတွင် UNFC မှ ခေါင်းဆောင်များနှင့် ဖက်ဒရယ်မူကြမ်းဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ဆွးနွေးသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

UNFC ခေါင်းဆောင်များ၊ ဥပဒေအထောက်အကူပြုကွန်ရက်(LAN)မှ ရှေ့နေ ဦးအောင်ထူး၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်တို့ အပါအဝင် ၂၀ ကျော်တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ)-ENAC မှ ကမကထ ပြုလုပ်ခြင်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...