ကျောက်မဲတွင် ကျေးရွာတွင်း လက်နက်ကြီးကျကာ ရွာသားများဒဏ်ရာရဟုဆို

ကျောက်မဲတွင် ကျေးရွာတွင်း လက်နက်ကြီးကျကာ ရွာသားများဒဏ်ရာရဟုဆို
by -
မဇ္စျိမ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မြန်မာ့တပ်မတော်ဘက်မှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရှိခဲ့ပြီး ကျေးရွာသားများ ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်မတော်က မတ်လ ၂၀ရက်က သတင်းထုတ်ပြန်ထားသည်။

“အခုက တိုက်ပွဲတော့ မဖြစ်ဘူး ရွာတွေမှာ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်လို့လူ ၂ ယောက် ဒဏ်ရာရတယ်။ တပ်ဘက်က ကျောက်မဲ လွယ်ဆာရွာထဲမှာ စစ်ဆေးမေးမြန်းပြီးမှ တစ်အိမ်တက် တစ်အိမ်ဆင်း သောင်းကျန်းနေတယ်။ ရွာသားတွေက ဘုန်းကြီး အပါအဝင် ရွာသားတွေ အကုန်လုံး ထွက်ပြေးတိမ်းရှောင်သွားတယ်။ အဲဒီမှာလည်း ၃၀၀ ကျော်တယ်” ဟု TNLA ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

မတ်လ ၂၀ ရက်က ကျောက်မဲမြို့နယ် လွယ်ဆာကျေးရွာတွင် မြန်မာ့တပ်မတော် တပ်မ ရ၇ မှ စစ်အင်အား ၃၀၀ ကျော်က ဝင်ရောက်လာသဖြင့် ရွာသားများ ကြောက်လန့်၍ ၎င်းတို့ ကျေးရွာမှ ၁၀ မိုင်ကွာဝေးသော မိုင်းလုံကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။ သို့သော် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိဟုဆိုသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲချိန်တွင် နမ့်ဆန်မြိ့နယ် ကွမ်ဟယ်ကျေးရွာအုပ်စု ပန်ရေကန်ကျေးရွာအတွင်း ရန်သူ မရှိဘဲ မြန်မာ့ တပ်မတော်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ပန်ရေကန်ကျေးရွာ လူနေအိမ် ထိမှန်ပြီး အသက် ၅၀ နှစ် အရွယ် ဒေါ်ယာထမ် လက်တွင် ထိမှန်ပြီး အသက် ၁၅ နှစ်အရွယ် ကျောင်းသူ မစန္ဒာ ကြောဖက်ထိမှန်ခဲ့ရသည်ဟု သိရသည်။

ယခုလအတွင်း အစိုးရ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အရပ်သား ပြည်သူလူထု ၄ ဦး ရှိနေပြီဟု TNLA က ပြောသည်။ သို့သော် ပလောင်အမျိုးသမီးအဖွဲ့အစည်းကမူ ဖေဖော်ဝါရီလမှ မတ်လအတွင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ တာမိုးညဲမြို့နယ်များမှ ထိခိုက်ဒဏ်ရာရသော ပြည်သူလူထု မြန်မာ့တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရှိသူ ရ ဦးရှိနေပြီ ဖြစ်ကြောင်း ပလောင်အမျိုးသမီးအဖွဲ့အစည်းမှ အလုပ်အမှုဆောင်ကော်မတီဝင် လွေးပို့ကျိန်ကီက မဇ္ဈိမကို ပြောသည်။

“အခုတလောက သူတို့(မြန်မာ့တက်မတော်က) ရွာထဲ ညသန်ခေါင် အိပ်နတဲ့အချိန် အိမ်ထဲ ပစ်လိုက်တာ လက်နက်ကြီး ထိသွားတာ။ ဒီနေ့ထိ ကျမတို့ လက်လှမ်းမီတာက ထိခိုက်ဒဏ်ရာရတဲ့လူ ရ ယောက်ရှိသွားပြီ။ အမျိုးသမီးတယောက် အဓမ္မပြုကျင့်ခံရတယ်။ သူက ခုလောလောဆယ် ရွာမှာဆိုတော့ သူ့ကို အတတ်နိုင်ဆုံး ကူညီဖို့ ကျမတို့လည်း ဆွေးနွေးနေတယ်”ဟု သူမက ပြောသည်။

အသက် ၆၀ အဖွားက နမ်ဖတ်ကာ (တိုက်နယ်ဆေးရုံ)၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး(မူဆယ်ဆေးရုံ)၊ အမျိုးသမီး နှစ်ဦးသည်လည်း (လားရှိူးဆေးရုံ)တွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်သလို၊ မတ်လ ၁၉ ၊ ၂၀ ရက်များတွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီး ထိမှန်သူ ၂ ဦး ကိုမူ မည်သည့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု စုံစမ်းနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမြို့တွင် စစ်ပြေးဒုက္ခသည် ၆၀၀ ခန့်၊ မိုင်းယုလေးတွင် ရ၀၀ ကျော်နှင့် လတ်တလောက် ထွက်ပြေး တိမ်းရှောင်နေသူ ၃၀၀ ကျော် စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၅၀၀ ဝန်ကျင်ခန့် ရှိနေပြီ ဖြစ်ကြောင်း လွေးပို့ကျိန်ကီက ပြောသည်။

ထို့ပြင် ကွတ်ခိုင်၊ မန်တုံ၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာမှ စစ်ပြေးဒုက္ခသည် ၃၂၂၅ ဦး ထွက်ပြေး တိမ်းရှောင်နေရပြီး တစ်ချို့မှာ မိမိတို့ ဆွေမျိုးများ နေအိမ်များတွင် ရှောင်တိမ်းနေရကာ၊ တစ်ချို့ ဒုက္ခသည်များသည် တောတောင်များတွင် ထွက်ပြေး တိမ်းရှောင်နေရသလို၊ တစ်ချို့မှာ ဒုက္ခသည်စခန်းများသို့ ခိုလှုံနေကြရပြီ ဖြစ်ကြောင်း TNLA ၏ စာရင်းကောက်ခံချက်များအရ သိရသည်။

လက်ရှိ မြန်မာ့တပ်မတော်နှင့် TNLA တပ်များအကြား ၄ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း မြန်မာတပ်မတော်မှ ကျေးရွာများအတွင်း ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ယခု မတ်လအတွင်း တိုက်ပွဲ ဖြစ်ပွားမှု ၂၅ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း မိုင်းအိုက်ကျော်က ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...