စီးပွားရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီ၊ အမျိုးသမီးရေးရာကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ လွှတ်တော်ရေးရာကော်မတီ စသည့် ကော်မတီများအား မတ် ၂၁ရက်နေ့က စတင်ဖျက်သိမ်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာခဲ့ခြင်း ဖြစ်သည်။
ကော်မတီများဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက "အသစ်ပြန်ဖွဲ့ဖို့ ဖျက်သိမ်းတာပါ။ အတိအကျတော့ပြောလို့မရပါဘူး။ အမြန်ဆုံးပြန်ဖွဲ့မှာပါ"ဟု ပြောသည်။
အဖွဲ့ချုပ် ပါတီဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများတွင် ပါ၀င်နေခြင်း သို့မဟုတ် ပါ၀င်မည်ဆိုပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ခွင့်ပြုချက်တောင်းခံရန်နှင့် ၎င်းအဖွဲ့အစည်းများ၏ လုပ်ငန်းများပါ၀င်ဆောင်ရွက်ရန်ရှိပါကလည်း ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ခွင့်ပြုချက် ကြိုတင်တောင်းခံရမည် ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်း ညွှန်ကြားချက်များနှင့် ရေးရာကော်မတီများ ဖျက်သိမ်းခြင်းကို မတ်လ ၂၀ရက်နေ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။







