သဘာဝ သယံဇာတ တူးဖော်ထုုတ်လုုပ်မှုနှင့် ပတ်သက်၍ အချက် ၆ ချက် ကချင်လူမှုအဖွဲ့အစည်းများတောင်းဆို

သဘာဝ သယံဇာတ တူးဖော်ထုုတ်လုုပ်မှုနှင့် ပတ်သက်၍ အချက် ၆ ချက် ကချင်လူမှုအဖွဲ့အစည်းများတောင်းဆို
by -
မဇ္စျိမ
ဖားကန့်ဒေသရှိ အစိုးရပိုင်ကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land
ဖားကန့်ဒေသရှိ အစိုးရပိုင်ကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land
သဘာဝ သယံဇာတ တူးဖော်ထုုတ်လုုပ်မှုနှင့် ပတ်သက်၍ အများပြည်သူ အကျိုးအတွက် အလေးပေးထည့်သွင်း ဆွေးနွေးသွားကြရန် အပါအဝင် အချက် ၆ ချက်ကုုိ အမြန်ဆုံုး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ကချင်လူမှုအဖွဲ့အစည်းများက တောင်းဆုုိလုုိက်သည်။

ကချင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဖားကန့်ဒေသကျောက်စိမ်း သယံဇာတ တူးဖော် ထုုတ်လုုပ်မှု ဆုုိင်ရာ မူဝါဒ အထောက်အကူပြု ဆွေးနွေးပွဲကုုိ မတ်လ ၁၈ ရက်မှ ၁၉ ရက်များတွင် ကျင်းပခဲ့ပြီး ကချင်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဖားကန့်ဒေသရှိ လူထုုခေါင်းဆောင်များ၊ တုုိင်းနှင့် ပြည်နယ် အသီးသီးမှ မြန်မာနုုိ်င်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံ မှုဆုုိင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) ကုုိယ်စားလှယ်များ ပါဝင်သော ဆွေးနွေးခဲ့ကာ တောင်းဆုုိလုုိက်ခြင်း ဖြစ်သည်။

ထုုိဆွေးနွေးပွဲကုုိ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Wunpawng Amyu Sha Zinlum Hpung)မှ ဦးဆောင်၍ ဖားကန့်မြို့ မရှီကထောင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ ကျင်းပခဲ့ကာ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်ဟုု သိရသည်။

“သယံဇာတကြောင့် တုုိက်ပွဲက အဓွန့်ရှည်နေတာလဲ ဖြစ်နုုိင်တယ်။ ပြီးတော့ သယံဇာတကြောင့် ကျွန်တော်တုုိ့ ဒေသမှာ တုုိက်ပွဲဖြစ်တာ အဲဒါလည်း အကြောင်းအရင်းတစ်ချက်ပါတယ်။ အခုုလည်း စစ်ကြောင်းတွေလည်း ထုုိးနေတယ်။ ကျွန်တော်တုုိ့ ပြည်သူ လူထုုက အမြဲတမ်း ကျီးလန့်စာစားနေသလုုိ ဖြစ်နေတာ။ အဲဒါကြောင့်မုုိ့ နုုိင်ငံရေးဆွေးနွေးပွဲမှာ ဒီသယံဇာတ ကိစ္စ အလေးထားပြီး ထည့်သွင်းဆွေးနွေးခုုိင်းစေချင်တာ”ဟုု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးလမောင်လတောင်က မဇ္စျိမကိုု ပြောသည်။

ကျောက်စိမ်းတူးဖော်နေသည့် ကုုမ္ပဏီများ စည်းကမ်းမဲ့ မြေစာများ စွန့်ပစ်သောကြောင့် မြေစာပုံု ပိကာ လူပေါင်းများစွာ သေဆုံုးမှုများအတွက် ကျူးလွန်သည့် ကုုမ္ဗဏီများအား ထိရောက်စွာ အရေးယူပေးရန်၊ မြေစာသယ် စက်ယန္တရားကြီးများ၊ လုုပ်ငန်းသုံုး မော်တော်ယာဉ်များသည် အများပြည်သူ ပုုိင်လမ်းမများတွင် စည်းကမ်းမဲ့ မောင်းနင်မှုကြောင့် ထိခုုိက် ဒဏ်ရာရမှု များအပေါ် သက်ဆုုိင်ရာ ကုမ္ပဏီများမှ တာဝန်ခံယူမှုရှိစေရန်နှင့် သက်ဆုုိင်ရာ အစုုိးရမှလည်း ၄င်းကုုမ္ပဏီများအား ထိရောက်စွာ အရေးယူကုုိင်တွယ်ဖြေရှင်းပေးရန် ၄င်းတုုိ့၏ ကြေငြာချက်တွင် တောင်းဆုုိထားသည်။

ပြည်သူအကျိုးပြု သယံဇာတ စီမံကိန်း ခန့်ခွဲမှုဆုုိင်ရာ မူဝါဒများ၊ ဥပဒေများ၊ ယန္တရားများ၊ လုုပ်ထုံုးလုုပ်နည်းများ အမြန်ဆုံုးထွက်ပေါ်လာရေး အောင်ရွက်ပေးရန် အဆုုိပါ ဥပဒေများ၊ လုုပ်ထုံုးလုုပ်နည်းများ မထွက်သေးသ၍ ကျောက်စိမ်းတူးဖော်မှု စီမံကိန်းများ ရပ်ဆုုိင်းထားရန် ကြေငြာချက်တွင် တောင်းဆုုိထားသည်။

နုုိင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်တွင် ကျောက်စိမ်းတူးဖော်နေသော ကုုမ္ဗဏီများက အခွင့်ကောင်းယူကာ ကျောက်စိမ်း တူးဖော်မှုကုုိ စည်းကမ်းမဲ့ လုုပ်ဆောင်သူအများအပြား ရှိနေသလုုိ၊ ဒေသခံလူထုု၏ အကျိုးခံစားခွင့်များ မရရှိသဖြင့် နုုိင်ငံရေး တည်ငြိမ်နေချိန်မှာ ကျောက်စိမ်းတူးဖော်မှုလုုပ်ငန်းများကုုိ ဆောင်ရွက်စေလုုိကြောင်း သူက ပြောသည်။

ဆွေးနွေးပွဲတွင် ဥပဒေချိုးဖောက်၍ စည်းကမ်းမဲ့ ဆုုိးရွားစွာ ကျောက်စိမ်း သယံဇာတ တူးဖော်ထုုတ်လုုပ်မှုများကြောင့် ဌာနေ တုုိင်းရင်းသားများ တွေ့ကြံု ခံစားနေရသော လူမှုဘဝကပ်ဘေးဒုုက္ခများ၊ သဘောဝပတ်ဝန်းကျင် ဆုုိးကျိုးအန္တရာယ်များ၊ ကျန်းမာရေး ထိခုုိက်ခံစားနေရမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုုပ်ခဲ့သည်ဟုု သိရသည်။

ကုုမ္ပဏီမှ စွန့်ပစ်ထားသော ပေပေါင်း ၃၀၀၀၊ ၄၀၀၀ ခန့်ထိ မြင့်များသော မြေစာပုံုများကြောင့် မုုိးတွင်းကာလတွင် မြေပြိုကာ ဒေသခံ ရွာသားများ ရေကြီး ရေလျှံမှုများ   နှစ်စဉ် ဖြစ်ပွားနေသဖြင့်   ရေကြီးရေလျှံမှုကြောင့် ပျက်ဆီးဆုံုးရှုံုုးခဲ့သော အုုိးအိမ်များအတွက် ပြန်လည် ပြုပြင်တည်ဆောက်နေရသဖြင့် စီးပွားရေးတွင် နှောင့်နှေးမှုများ ရှိနေသည်ဟုု သူက ပြောသည်။

မူးယစ်ဆေးဝါး အလွယ်တကူဝယ်ယူသုံုးစွဲနုုိင်ခြင်း၊ နွေရာသီတွင် ဒေသခံလူထုု ဖြတ်သန်းနေရသော ကားလမ်းပေါ်တွင် မြေစာ သယ်ကားများ နေ့စဉ် ဖြတ်သန်းမှုကြောင့် ဖုံုမှုန့်များ ရှူနေရခြင်း စသည့် ကျန်းမာရေး ဆုုိးကျိုးများ ခံစားနေရသည်ဟုု သူက ပြောသည်။

“ကျွန်တော်တုုိ့က လက်တွေ့ကြံုနေရတဲ့ဒုုက္ခက အဲဒီအပေါ်မူတည်တယ်။ ကုုမ္မဏီရဲ့အသုံုးပြုနေတဲ့ ယန္တရားကြီးတွေ လူသွားတဲ့လမ်းပေါ်မှာ နေ့တုုိင်းလုုိ ဖြတ်သွားတဲ့အခါမှာ ကျနော်တုုိ့ သွားရေးလာရေးကအစ ဒုုက္ခရောက်တယ်ဗျာ။ ပြီးတော့ ကားတုုိက်ပြီး သေသွားတဲ့လူ မနည်းတော့ဘူး။ ကျောင်းသွားကျောင်းပြန်ကအစ အမြဲတမ်းဒုုက္ခကြံုတွေ့နေရတယ်”ဟုု ဦးလမောင် လတောင်က ပြောသည်။

လွတ်လပ်သော၊ ဘက်ပေါင်းစုံုမှပညာရှင်များနှင့် ဒေသခံ ပြည်သူများ ပါဝင်သော စုံုစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကုုိ ဖွဲ့စည်းပြီး ဒေသခံ ပြည်သူများ၊ နုုိင်ငံတော် ဆုံုးရှုံးနစ်နာမှုများကုုိ စုံုစမ်းစစ်ဆေး၍ တရားမျှတမှုကုုိ ဆောင်ကျဉ်းပေးရန် ထည့်သွင်း တောင်းဆုုိထားသည်။

ထုုိ့ပြင် ကျောက်စိမ်းတူးဖော်မှုကြောင့် ဒေသရှိ မြစ်ချောင်းများ၊ သဘာဝ အရင်းအမြစ်များ၊ မြေသယံဇာတ ရေသယံဇာတ ပျက်စီး ဆုံုးရှုံးမှုခံနေရသလုုိ၊ ဆုုိးဝါးစွာ ရေလွမ်းမုုိးမှုများကြောင့် အသက်အုုိးအိမ် ဆုံုးရှုံးပျက်စီးခြင်းများ အပါအဝင် ရေခမ်း ခြောက်မှု၊ သစ်တော ပြုန်းတီးမှုများကြောင့် အစုုိးရမှ ကုုမ္ပဏီများအား တာဝန်ခံယူမှုရှိစေရန်အတွက် နဂုုိသဘာဝအတုုိင်း ဖြစ်စေရေး စီမံဆောင်ရွက်ပေးစေရန် ကချင်လူမှုအဖွဲ့အစည်းများက တုုိက်တွန်း တောင်းဆုုိလုုိက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဒေသခံ ပြည်သူများက ကျောက်စိမ်း တူးဖော်ရေးကုုမ္ဗဏီများ၊ မြေစာသယ်ကားများ ရွာလမ်းမတွင် မြတ်သန်းရန်၊ မြေစာကြောင့် ဥရုုချောင်း တိမ်ကောလာမှုကုုိ ပြန်လည်   ပြုပြင်ထိန်းသိမ်းပေးရန်၊ စည်းကမ်းမဲ ့ဖြေစာပုံုများကုုိ ဖယ်ရှားရန်နှင့် ကျောက်စိမ်းတူးဖော်ရာတွင် ဒုုိင်းနမုုိက်များ သုံုးစွဲမှု လျော့ချ၍ စနစ်တကျဆောင်ရွက်ရန် တောင်းဆုုိ ဆန္ဒဖော် ထုုတ်ခဲ့သည်။ ၄င်းတုုိ့တောင်းဆုုိမှုမှ မြေစာသယ်ယာဉ်များ ကျေးရွာအတွင်း လမ်းမပေါ်မှ မဖြတ်သန်းရန်ဆုုိသော အချက်ကုုိမူ သက်ဆုုိင်ရာ ကုုမ္ပဏီများနှင့် ဆွေးနွေးနုုိင်ခြင်း မရှိခဲ့ပေ။

၂၀၁၅ ခုုနှစ်အတွင်း ဖားကန့်မြို့နယ်အတွင်း မုုိးတွင်းကာလတွင် ရေကြီးခြင်း၊ ကုုမ္ပဏီများ စွန်ပစ်သော မြေစာများ ပြိုကျမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ် နုုိဝင်ဘာလက ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူပေါင်း ၁၀၀ ကျော် မြေပိသေဆုံုးခဲ့ရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...