မြန်မာစာနယ်ဇင်းသမားတစ်ဦးနေအိမ် ဗုံးခွဲခံရမှု စုံစမ်းစစ်ဆေးပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တောင်းဆို

မြန်မာစာနယ်ဇင်းသမားတစ်ဦးနေအိမ် ဗုံးခွဲခံရမှု စုံစမ်းစစ်ဆေးပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တောင်းဆို
by -
မဇ္စျိမ
 ပြီးခဲ့သောရက်သတ္တပတ်အတွင်းက မြန်မာစာနယ်ဇင်းသမားတစ်ဦး၏ နေအိမ်ကိုဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး နည်းလမ်းစုံသုံး၍ စုံစမ်းစစ်ဆေးကာ တရားခံများကိုဖမ်းဆီးပေးရန် နယ်စည်းမခြားသတင်းထောက်းများအဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူများကို ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ရခိုင်ပြည်နယ်အခြေစိုက် Root Investigative Agency (RIA) သတင်းဌာန၏ အယ်ဒီတာချုပ် ကိုမင်းမင်း၏နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့မှုနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနို်င်ငံတွင် ယခုကဲ့သို့ စာနယ်ဇင်းသမားတစ်ဦးကို ပစ်မှတ်ထားပြီး ဗုံးဖြင့်တိုက်ခိုက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်သည့် ယခုဖြစ်စဉ်အတွက် အလွန်စိုးရိမ်မိကြောင်း RSF ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ ဘင်ဂျမင်အစ္စမေးလ်က ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်မှုများနှင့် အန္တရာယ်ကျရောက်မည်ကို စိုးရိမ်စိတ်ဖြင့် အမှန်အတိုင်း မရေးသားရဲတော့ဘဲ ကိုယ့်ဘာသာ ဆင်ဆာဖြတ်ကာ ရေးသားနေရခြင်းမျိုးများ မဖြစ်ပေါ်လာစေရန်အတွက် ယခု တိုက်ခိုက်မှုလို အကြမ်းဖက် လုပ်ရပ်မျိုးကို ဥပဒေက ခွင့်ပြုမည်မဟုတ်ကြောင်း ကျူးလွန်သူများရော၊ ထောက်ခံသူများပါ သေချာသိရှိသွားစေအောင် လုပ်ဆောင်ပြရမည်ဟုလည်း RSF ၏ ကြေညာချက် ထဲတွင် မစ္စတာအစ္စမေးလ်က ပြောကြားထားသည်။

စစ်တွေမြို့တွင်ရုံးစိုက်သော RIA သတင်းဌာနသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စတင်တည်ထောင်သည့်အချိန်မှစပြီး မကြာခဏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရာကာ အထူးသဖြင့် လူမှုကွန်ယက် မီဒီယာများထက်တွင် ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကိုမင်းမင်း၏ နေအိမ်တွင် ဗုံးပေါက်ကွဲပြီးသည့်နောက်တွင်လည်း '' ဒါကသတိပေးတာပဲရှိသေးတယ်။ နောက်ထပ် တိုက်ခိုက်မှုတွေလာဦးမယ် " ဟု Viber နှင် ့Facebook Group များတွင် တင်ထားသည် ကို တွေ့ခဲ့ရကာ RIA ၏ ထိပ်ပိုင်းဂျာနယ်လစ် ၂ ဦးကို ခေါင်းဖြတ်နိုင်လျှင် ဆုငွေချီးမြှင့်မည်ဟု ရေးသားထားမှုများလည်း ရှိနေကြောင်း RSF ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်သည်ကို တွေ့ရသော်လည်း ယခုထက်နှစ်ဆခန့် ပိုမို၍ လုပ်ဆောင်ကာ ယခုလုပ်ရပ်ကို ကျူးလွန်သူများနှင့် ပူးပေါင်းကြံစည် သူများကို ဖမ်းဆီးအရေးယူရန် တိုက်တွန်းကြောင်း မစ္စတာ အစ္စမေးလ်က ပြောကြားထားသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...