DKBA ၏ စစ်ဦးစီးချုပ် ဗုုိလ်ချုပ်ကြီး စောလားပွယ် နေရာ ဗိုလ်ချုပ် စောမိုရှေး ဆက်ခံဖွယ်ရှိ

DKBA ၏ စစ်ဦးစီးချုပ် ဗုုိလ်ချုပ်ကြီး စောလားပွယ် နေရာ ဗိုလ်ချုပ် စောမိုရှေး ဆက်ခံဖွယ်ရှိ
by -
မဇ္စျိမ
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ က ပြုလုပ်ကျင်းပသည့် ဒီကေဘီအေနေ့ အခမ်းအနားတွင် ဂုဏ်ပြုစစ်ချီတပ်မတော်သားများအား စစ်ဆေးနေသည့် ဗိုလ်ချုပ်စောမိုရှေးအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ က ပြုလုပ်ကျင်းပသည့် ဒီကေဘီအေနေ့ အခမ်းအနားတွင် ဂုဏ်ပြုစစ်ချီတပ်မတော်သားများအား စစ်ဆေးနေသည့် ဗိုလ်ချုပ်စောမိုရှေးအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
ပဲခူးမြို့ ဆေးရုံုကြီးတွင် လည်ချောင်း ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒီမုုိကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗုုိလ်ချုပ်ကြီး စောလားပွယ် ခေါ် နှုတ်ခမ်းမွေး၏ နေရာတွင် တာဝန်ယူနေသော ဗုုိလ်ချုပ် စောမုုိရှေးအား တာဝန်ပေးအပ်ဖွယ်ရှိသည်ဟုု သိရသည်။

စျပန အခမ်းအနား ကျင်းပပြီးပါက  တပ်မှူးများ စုုံညီအစည်းအဝေး ပြုလုုပ်ကာ ဆုံုးဖြတ်သွားမည်ဖြစ်ကြောင်း  DKBA တပ်ရင်း ၉၀၈ ၏ တပ်မှူး ဒုု ဗုုိလ်မှူးကြီး စောစိန်ဝင်းက မဇ္စျိမကုုိ ပြောသည်။

“သူက စစ်ဦးစီးချုပ်အနေနဲ့ ပြန်ကုုိင်ထားတယ်။ သူပဲ ရှိလိမ့်မယ်လုုိ့ ကျနော် ခန့်မှန်းတယ်။ သူကတော့ စည်းရုံုးရေး အားကောင်းတယ်။ လက်ရှိ ကျနော်တိုု့ အဖွဲ့တွေကလည်း သူ့ကုုိ လေးစားကြပါတယ်။ ဒါကြောင့် သူပဲ ခန့်မှန်းတာပေါ့လေ။ အစည်းအဝေးမှာပဲ အတည်ပြုမယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

အသက် ၅၄ နှစ်အရွယ် ဗုုိလ်ချုပ်ကြီး စောလားပွယ်သည် မတ်လ ၁၃ ရက်က ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် သူ၏ ရုုပ်ကလပ်ကုုိ လက်ရှိ DKBAဌာနချုပ် သူ၏ နေအိမ်တွင် ထားရှိကာ လာမည့် မတ် ၁၉ ရက်တွင် သင်္ဂြိုလ်မည် ဖြစ်သည်။

ဗုုိလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်သော်လည်း လက်ရှိ အစုုိးရ နှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) သဘောတူညီချက် အတုုိင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သလုုိ၊ သူ၏ ရည်မှန်း ချက်ဖြစ်သော ငြိမ်းချမ်းရေးရရှိရေး၊ ဒေသဖွံ့ဖြိုးတုုိးတက်ရေးတုုိ့ကုုိ ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်တိုု့ ခေါင်းဆောင်တယောက် ဆုံုးသွားတာ ဆုံုးရှုံုးမှုတော ့အများကြီးရှိတယ်။ ဒါပေမဲ့ လက်ရှိ သူချမှတ်ခဲ့တဲ့ သူသွားစေချင်တဲ့ နုုိင်ငံရေး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကုုိ ကျနော်တိုု့က ဆက်လက် အကောင်အထည်ဖော်ပေးရမှာ ကျနော်တိုု့ တာဝန်ပါ။ ငြိမ်းချမ်းရေးရမယ်။ နယ်မြေဒေသတွေ ဖွံ့ဖြိုးတုုိးတက်မယ်။ လူထုုတွေ စားဝတ်နေရေး အဆင်ပြေမယ်ဆုုိတာ အဓိကပါ”ဟုု ဒုုဗုုိလ်မှူးကြီး စောစိန်ဝင်းက ပြောသည်။

DKBA အပါအဝင် အခြားတုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့ ရ ဖွဲ့တုုိ့နှင့် ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် အောက်တုုိဘာလ ၁၅ ရက်က ဗုုိလ်ချုပ်ကြီး စောလားပွယ်သည် နေပြည်တော်တွင် NCA လက်မှတ်ရေးထုုိးခဲ့သည်။

၂၀၁၃ ခုုနှစ်နောက်ပုုိင်း ကျန်းမာရေးမကောင်း ဖြစ်နေသော်လည်း DKBA ကုုိ သူ၏ ဆုံုးဖြတ်ချက်အတုုိင်း ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထုုိးနုုိင်ခဲ့ပြီး လက်ရှိ သူထိန်းချုပ်နေသော အရှေ့ဒေါန ပတ်ဝန်းကျင်ရှိ ဒေသ ဖွံ့ဖြိုးရေးလုုပ်ငန်းများဖြစ်သော ဆံတော်ရှင် မုုလအိတောင်သုုိ့ ယခင်က ခြေကျင်ဖြင့် တက်ရောက်နုုိင်ရာမှ ယခုု ကားဖြင့် သွားရောက် ဖူးမျော်နုုိင်ပြီ ဖြစ်သလုုိ၊ လမ်းပန်း ဆက်သွယ်ရေး၊ တံတား၊ စာသင်ကျောင်း၊ ဘုုန်းကြီးကျောင်း၊ ဘုုရားကျောင်းနှင့် စေတီများ တည်ဆောက် နုုိင်ခဲ့ခြင်းသည် သူ လုုပ်ဆောင်နုုိင်ခဲ့သော အမှတ်ရစရာများ ဖြစ်ခဲ့သည်ဟုု ဒုုဗုုိလ်မှူးကြီး စောစိန်ဝင်းက ပြောသည်။

ဗုုိလ်မှူးချုပ် စောလားပွယ်သည် ကရင်အမျိုးသားအစည်းအရုံုး (KNU) တွင် တပ်မဟာ ရ သုုိ့ စတင်ဝင်ရောက်ခဲ့ပြီးနောက်ပုုိင်း KNUတပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ရ တွင် တပ်ခွဲမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ ခုုနှစ်တွင် DKBA ကလူထူးဘော တပ်ဖွဲ့ကုုိ ဦးဆောင်ခဲ့သည်ဟုု သိရသည်။

ကရင်ပြည်နယ် လုုိင်ဘွဲ့မြို့နယ် ပုုိင်ကျုံဇာတိဖြစ်ပြီး ဗုုိလ်မှူးချုပ် နှုန်ခမ်းမွေး ဟုုလည်း နာမည်ကြီးသည်။ သူ ဦးဆောင်သော DKBA သည် ၂၀၁၀ ခုုနှစ်က အစုုိးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြောဆုုိခဲ့သော်လည်း လက်မခံပေ။ ၂၀၁၁ ခုုနှစ် နုုိဝင်ဘာလတွင် အစုုိးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။

ဒီမုုိကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA) ခေါင်းဆောင် စောလားပွယ်၏ ရုုပ်ကလပ်ကုုိ မတ်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီချိန်မှ ၂ နာရီချိန်ထိ စစ်ရေးပြ အခမ်းအနားပုံုစံဖြင့် ပုုိ့ဆောင်သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...